images
UN
UN
စိုက်ပျိုးရေးအထောက်အကူပြုသင်တန်းတက်ရောက်ရန် ပြည်ခိုင်ဖြိုးပါတီလူငယ်များ ထိုင်းနိုင်ငံသို့ထွက်ခွာ
Friday, 09 November 2018
ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ စိုက်ပျိုးရေးအထောက်အကူပြုသင်တန်း တက်ရောက်ရန်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထိုင်းနိုင်ငံသို့ ယနေ့နံနက် ၈ နာရီတွင် ထွက်ခွာသွားခဲ့သည်။
ပြည်ထောင်စုနယ်မြေ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအစီအစဉ်ဖြင့် ပြည်ထောင်စု နယ်မြေနာယက ဦးခင်မောင်ဌေး ဦးဆောင်သော လူငယ်သင်တန်း သား ၂ဝ တို့သည် ထိုင်းနိုင်ငံ Ratchaburi တွင် ဖွင့်လှစ်မည့် Agriculture Traing Course စိုက်ပျိုးရေး အထောက်အကူပြု သင်တန်းသို့တက်ရောက်ရန်ဖြစ်ပြီး သင်တန်းကာလမှာ ယနေ့မှ ယခု လ ၁၆ ရက်အထိ ရက်သတ္တပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရ သည်။
ထိုင်းနိုင်ငံသို့ သင်တန်းတက် ရောက်ရန် ထွက်ခွာသွားကြသော ပြည်ထောင်စုနယ်မြေ လူငယ်သင် တန်းသားများအားပါတီဗဟိုအလုပ် အမှုဆောင် တောင်သူလယ်သမား ရေးရာတာဝန်ခံ ဦးအောင်တင်မြင့်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးလှဌေးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးပါတီအတွင်း ရေးမှူးဦးသာဝင်း၊ ရန်ကုန်တိုင်း ဒေသကြီး ပါတီကော်မတီဝင် လူ ငယ်ရေးရာတာဝန်ခံ ဒေါ်မိုးမိုးအိ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်လှုပ် ရှားမှုခေါင်းဆောင် ဒေါက်တာဇော် လင်းပြုံးနှင့် လူငယ်အဖွဲ့ဝင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ လိုက်လံပို့ဆောင်နှုတ် ဆက်ခဲ့ကြကြောင်း သိရသည်။
အောင်အောင်