images
UN
UN
ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များက ရှေ့တန်းပြန်တပ်မတော်သားများကိုကြိုဆို
Friday, 09 November 2018
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ အမှတ်(၄၁၅)ခြေမြန်တပ်ရင်းမှ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သား ၁ဝဝ ကျော်ကို ယနေ့မွန်းလွဲ ၂နာရီ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စီမံဘဏ္ဍာမှ ဒေါ်ချိုချိုမြင့်က ကိုယ်ပိုင်ငွေများစာအိတ်ဖြင့်ထည့်ကာ တစ်ဦးချင်းပေးအပ် လှူဒါန်းပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ညောင်ဦးခရိုင်ဥက္ကဋ္ဌဦးညွန့်ဝင်း၊
မြို့နယ်ဥက္ကဋ္ဌဦးအောင်ဌေး၊ ပါတီကော်မတီဝင်များနှင့်အဖွဲ့တို့သည် အောင်သပြေ ပန်းများနှင့် လက်ကမ်းကြိုဆိုနှုတ်ခွန်းဆက်သခဲ့ကြကာ အချိုရည်ဘူးများလည်း လှူဒါန်းပေးအပ်ခဲ့ကြောင်းသိရသည်။
''တိုင်းပြည်နှင့်လူမျိုးအတွက် မိမိအသက်အန္တရာယ်ကိုပဓာနမထားဘဲ သက် စွန့်ကြိုးပမ်းထမ်းဆောင်ခဲ့တဲ့တပ်မတော်သားတွေကို ကျွန်မကိုယ်ပိုင်ငွေနဲ့လှူဒါန်း တာပါ။ အောင်သပြေပန်းနှင့်လည်း ကြိုဆိုခဲ့ပါတယ်။ အရမ်းပဲပီတိဖြစ်မိပါတယ်။အခုလို ကြိုးစားပမ်းစားနှင့်စစ်တိုက်ပေးတဲ့အတွက် အရမ်းလည်း ကျေးဇူးတင်ပါ တယ်။ ကျွန်မကလည်း တပ်မတော်မိသားစုဝင်ဖြစ်တယ်။ ကျွန်မမောင်ကလည်း တပ်မတော်မှာ အရာရှိဖြစ်တယ်။ ကျွန်မသားကလည်း ကွတ်ခိုင်ဘက်မှာ တပ်မတော်အရာရှိပါရှင့်။ အဲဒီလိုအောင်ပွဲနဲ့ပြန်လာတဲ့ တပ်မတော်သားတွေကို ကျွန်မမောင်တွေ ကျွန်မသားတွေ ပြန်လာသလို အရမ်းခံစားမိပြီး အရမ်းဝမ်းသာလို့ ပါရှင့်''ဟု အလှူရှင်ဒေါ်ချိုချိုမြင့်က ပြောသည်။ ကျော်ဌေး(ညောင်ဦး)