images
UN
UN
အန်ကောဝပ်ကိုပြန်ပြောပြမယ်
ဆင်တော်မြေအရှင် ဥတ္တမ Saturday, 10 November 2018

တန်ဖိုး - ကျပ် ၂ဝဝဝ

''ချစ်သားစုန္ဒ...ကုသိုလ်တရားတို့၌ စိတ်ဖြစ်ပေါ် ခြင်းမျှကိုလည်း ကျေးဇူးများလှပေ၏ဟု ငါဘုရား ဟော တော်မူပေ၏''ဟူသော မြတ်ဗုဒ္ဓ၏ဒေသနာတော်ရှိ၏။
ဤစာအုပ်တွင်ကမ္ဘာ့အံ့ဖွယ်တစ်ခုဖြစ်သော အန်ကော ဝပ်ဘုရားကျောင်းကြီး၏ ကြီးကျယ်ခမ်းနားပုံကို ရေး သားထားတာဖတ်ရှုရပါလိမ့်မည်။ ကိုယ်တိုင်သွားရောက် ချင်ကြသော်လည်း အကြောင်းမညီ၍ သွားရောက်ခွင့် မရကြသူများကို ကိုယ်တိုင်ရောက်ရှိ၊ မြင်တွေ့ခံစားရဘိ သကဲ့သို့ စိတ်အစဉ်တွင် ထင်မြင်လာအောင် စဥ့်ကူမြို့ မဟာဝိသုတာရုံတိုက်သစ် မဟာနာယကအဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘဒ္ဒန္တဥတ္တမ(ဓမ္မာစရိယ-ပါဠိပါရဂူ) ဆရာတော်က ကိုယ်တိုင်သွားရောက်တွေ့ကြုံခဲ့ရသော ဒေသန္တရဗဟုသုတများ၊ ခံစားချက်များကို ရေးသားထား တာဖတ်ရပါမည်။
ဤစာအုပ်တွင် အန်ကောဝပ်ကို ပြန်ပြောပြမယ်။ ဒုတိယမင်းဆက်နန်းတော်၊ ဆဋ္ဌမမြောက်နန်းတော်၊ ထိုင်းအလှူပွဲ၊ ဘန်ကောက်ကျောက်စေတီ၊ မဲခေါင်မြစ်၊ ဝပ်ဖနွမ်းစေတီ၊ အန်ကောဝပ်ဟောလ်းဒေး၊ အန်ကော ဝပ်ဝင်ခွင့်လက်မှတ်၊ အန်ကောထုံး၊ ဘာယွန်းကျောင်း၊ မဲဆော့ဘုန်းကြီးကျောင်း၊ ပတ္တနာစာရီ၊ ပရီရတ်စေတီ၊ အန်ကောဝပ်အပေါ်ထပ် စသည့်ခေါင်းစဉ်ငယ် ကလေး ပေါင်း ၉ဝ ဖြင့် စိတ်ဝင်စားဖွယ် ရေးဖွဲ့ထားတာ တွေ့ရ သည်။
အန်ကောဝပ်ဘုရားကျောင်းတော်ကြီးသည် အန်ကော ဝပ်ဒေသရှိ အဆောက်အအုံများအနက် အကြီးဆုံးဖြစ် သည်။ ဧရိယာအကျယ်အဝန်း (၄၈၁)ဧကရှိပြီး ကျုံး၊ မြို့ရိုးတို့ဖြင့် ကာရံထားသည်။ ဗဟိုမျှော်စင်နှင့် ထောင့် လေးထောင့်တွင် အမြင့်(၅၅)မီတာရှိသော မျှော်စင်လေးခု ဝန်းရံထားသည်။
ဗဟိုမျှော်စဉ်သည် ပေ ၂ဝဝ ခန့်မြင့်ပြီး အန်ကော ဝပ်အနုပညာလက်ရာများကို ဘိလပ်မြေနှင့် အင်္ဂတေ မသုံးပဲ ကျောက်တုံးများကို ဖြတ်တောက်ထွင်းထုကာ ပိရိသေသပ်စွာထပ်၍ထပ်၍တည်ဆောက်ထားသည်။
စသဖြင့် အန်ကောဝပ်ဘုရားကျောင်းတော်ကြီးကို စာဖတ်သူမျက်စိထဲတွင် မြင်ယောင်လာအောင် ရေးသား ထားသည်ကို တွေ့ရသည်။ ဤစာအုပ်ကို ဦးဥတ္တမ (စဥ့်ကူ)က ဒုတိယအကြိမ်ဖြင့် ၂ဝ၁၈ ခုနှစ် သြဂုတ်လ တွင် အုပ်ရေ ၁ဝဝဝ ထုတ်ဝေပြီး တန်ဖိုးမှာ ကျပ်၂ဝဝဝ ဖြစ်ပါသည်။