images
UN
UN
ပန်းယျကျေးရွာတွင် အမျိုးသမီးတစ်ဦး ပျောက်ဆုံးမှုဖြစ်ပွား
ရဲတင့် Tuesday, 13 November 2018
ကျောက်ဆည်ခရိုင် တံတားဦး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ကြီးကြပ် မှုအောက်ရှိ လေဆိပ်နယ်မြေ ရဲစခန်းအပိုင် ပန်းယျကျေးရွာတွင် ယခုလ ၉ရက် ည ၁ဝနာရီက အမျိုးသမီးတစ်ဦး ပျောက်ဆုံး ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပန်းယျကျေးရွာနေ မ---(၁၉နှစ်)(ဘ)ဦးမွတ္တား သည် အဆိုပါည ၁ဝနာရီက မိသားစုများနှင့်အတူ အိပ်ရာဝင် ခဲ့ပြီး မနက် ၅ နာရီခန့်တွင် မိခင် ဖြစ်သူဒေါ်ကြူကြူမြင့်က အိမ်ရှေ့ တံမြက်စီးလှည်းစဉ် ခြံဝင်းတံခါး ကြီးပွင့်နေ၍ နေအိမ်ပေါ်သို့ တက် ပြီးသမီးဖြစ်သူ မ--- အား ဝင် ရောက် ကြည့်ရာ သမီးဖြစ်သူအား တွေ့ရှိခြင်းမရှိသဖြင့် သားဖြစ်သူ လှိုင်ဝင်းထွန်းအား ဖုန်းဆက်လှမ်း ခေါ်ရာသားဖြစ်သူက ညီမဖြစ်သူ ၏ ဖုန်းနံပါတ်အား ဆက်သွယ်ခေါ် ကြည့်ရာဖုန်းကိုင်သဖြင့် ညီမ ဖြစ်သူဘယ်ရောက်နေလဲ မေး မြန်းရာ အမည်မသိအမျိုးသမီးနှစ် ယောက်လာခေါ်သွားတယ်။ ရည်း စားနောက်လိုက်တာ မဟုတ်ဘူး။အနီးပတ်ဝန်းကျင်တွင် ရှိတယ်။ အဝေးထွက်မသွားပါဘူး ပြော၍ ဖုန်းချသွားခဲ့ရာ အစ်ကိုဖြစ်သူက ထပ်မံဖုန်းဆက်သွယ်ရာ ပျောက် ဆုံးသူမ---၏ဖုန်းမှာ စက်ပိတ် သွားခဲ့ပြီး ယနေ့အချိန်အထိ နေ အိမ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိ သဖြင့် ပျောက်ဆုံးသူမ---၏ မိခင်ဖြစ်သူဒေါ်ကြူကြူမြင့်(၄၆နှစ်) (ဘ)ဦးသာအေးကလေဆိပ် နယ် မြေရဲစခန်းသို့ ကူညီစုံစမ်းပေးပါ ရန် ယနေ့ နံနက် ၁ဝ နာရီခွဲက လာရောက်တိုင်တန်းသဖြင့်လေဆိပ် နယ်မြေရဲစခန်းမှ လူပျောက်အမှတ် စဉ်(၃/၂ဝ၁၈)ဖြင့် တိုင်တန်းထား ရှိပြီးပျောက်ဆုံးသူညီမ၏ပုံသဏ္ဌာန် မှာအရပ်ငါးပေခွဲ၊ ဆံပင်ရှည်ဖြောင့် (နက်)၊ နဖူးကျယ်၊ မျက်ခုံးသင့်၊ မျက်စေ့နက်၊ နှာတံပေါ်၊ နှုတ်ခမ်း အောက်မှဲ့ရှိ၊မေးဝိုင်း၊ မျက်နှာ ကုလားဆင်၊အသားလတ်၊မြန်မာလို ဝတ်ဆင်တတ်ကြောင်းသိရသည်။