တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ လုံးဝလက်မခံ
မြန်မာ့တပ်မတော်ကို အပြည့်အဝထောက်ခံကြောင်း ဆန္ဒဖော်ထုတ်
တင်ဆန်းအောင်
Tuesday, 13 November 2018
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှဦးဆောင်ကျင်းပသည့် တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်ချက်များကိုဆန့်ကျင်သည့်ဆန္ဒဖော်ထုတ်ပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံး ရွှေဂုံသီရိလမ်းထိပ်ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျင်းပခဲ့သည်။အဆိုပါဆန္ဒဖော်ထုတ်ရာသို့ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်မှစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးစန်းအောင်(ငြိမ်း)နှင့် စစ်မှုထမ်းဟောင်းများ ပါဝင်တက်ရောက်ကြ ပြီး'မြန်မာ့တပ်မတော်ကိုအပြည့်အဝထောက်ခံ သည်'၊ 'ဘက်လိုက်သော ကုလသမဂ္ဂအချက် အလက်ရှာဖွေရေးကော်မရှင်၏ မမျှမတတစ် ဖက်သတ်အစီရင်ခံစာကိုလုံးဝလက်မခံ'၊ 'မဆီ မဆိုင်နိုင်ငံရေးစွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင်ရှုတ်ချသည်'၊ 'တပ်မတော်အင် အားချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ'၊ 'APHR ၏အောက်လုံးအစီရင်ခံစာကိုအလို မရှိ'ဟူသော ဗီနိုင်းစာသားများကိုကိုင်ဆောင် လျက် မွန်းလွဲ ၁ နာရီအထိ ငြိမ်သက်စွာဆန္ဒ ဖော်ထုတ်ခဲ့ကြကြောင်းသိရသည်။