images
UN
UN
မွန်တွင် NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပါတီလုပ်ငန်းတာဝန်မှရပ်ဆိုင်းခံရ
Dawei Watch Tuesday, 13 November 2018
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးမင်းထင်အောင်ဟန်ကို ပါတီလုပ်ငန်း တာဝန်မှရပ်ဆိုင်းလိုက်ကြောင်း မွန်ပြည် နယ် NLD ပါတီဥက္ကဋ္ဌဒေါက်တာခင်ဆောင် က ပြောသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည့်ဦးမင်းထင်အောင်ဟန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်လျှပ်စစ်၊ စွမ်းအင် နှင့် စက်မှုဝန်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရာမှ ပါတီက နုတ်ထွက်ခိုင်းခဲ့သဖြင့် ၂ဝ၁၈ ခုနှစ် မေလခန့်က ဝန်ကြီးအဖြစ်မှ နုတ် ထွက်ထားသူဖြစ်သည်။
''ပါတီတာဝန်က ရပ်ဆိုင်းလိုက်တာ ကအစည်းအဝေးတစ်ခုမှာ စကားပြောမှား သွားလို့ဗဟိုကဖြုတ်လိုက်တယ်။သူ့(ဦးမင်း ထင်အောင်ဟန်)ကို ပါတီကမထုတ်ပါ ဘူး။ပါတီကိုယ်စားလှယ်အဖြစ်ဆက်ရှိနေ မယ်။ပါတီအလုပ်အမှုဆောင်အဖွဲ့က ပါတီ လုပ်ငန်းတာဝန်ကနေ ရပ်ဆိုင်းလိုက်တာ ပါ'' ဟုဒေါက်တာခင်ဆောင်က ပြောသည်။
ပါတီအလုပ်အမှုဆောင်အဖြစ်မှလည်း ကောင်း၊ ပါတီလုပ်ငန်း တာဝန်မှလည်း ကောင်းရပ်ဆိုင်းခံရသည့်ကိစ္စသည် ငွေ ကြေးအရှုပ်အရှင်းကြောင့် မဟုတ်ကြောင်း ဒေါက်တာခင်ဆောင်ကဆက်ပြောသည်။
အဆိုပါ တာဝန်ရပ်ဆိုင်းခံရသည့် အကြောင်းအရင်းကို ပါတီက အတိအကျ ထုတ်ဖော်ပြောကြားခြင်းမရှိသေးဘဲ တရား ဝင်စာထုတ်ပြန်ပြီးမှသာလျှင် အကြောင်း အရင်းအပြည့်အစုံကို ဖြေကြားသွားမည် ဟု NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဦးမင်း ထင်အောင်ဟန်ထံ တယ်လီဖုန်းမှတစ်ဆင့် မေးမြန်းခဲ့သော်လည်း ဖုန်းမကိုင်သည့် အတွက် မေးမြန်းခွင့်မရခဲ့ပေ။
မော်လမြိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်သည် ၂ဝ၁၅ ရွေး ကောက်ပွဲတွင် NLD ပါတီကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။