images
UN
UN
ကော့သောင်းတွင် ဆိုင်ကယ်ကယ်ရီသမားများ မကြာခဏအသတ်ခံရ
DaweiWatch Tuesday, 13 November 2018
ကော့သောင်းမြို့ရှိ ဆိုင်ကယ်ကယ်ရီသမားများသည် မြို့ပြင် လူသူပြတ်သည့် ဆီအုန်းခြံများအတွင်း မကြာခဏ အသတ်ခံနေရကြောင်း ကော့သောင်းဒေသရှိ ဆိုင်ကယ် ကယ်ရီမောင်းသူများထံမှ သိရသည်။
မြို့ပြင်ဘက်သို့ မက်လုံးပေး ကယ်ရီငှားပြီး လူသူပြတ် သည့် ဆီအုန်းခြံများအတွင်း လူသတ်ပစ္စည်းလု အလောင်း ဖျောက်ခံရခြင်းဖြစ်ကြောင်း ၄င်းတို့ကပြောသည်။
ယခုလ ၃ ရက်က အေးရိပ်ငြိမ်ရပ်ကွက် ဆိုင်ကယ် ကယ်ရီဂိတ်မှ ခရီးသည်ပို့ရင်းပျောက်ဆုံးသွားသည့် ကယ်ရီ မောင်းသူကို ယမန်နေ့က ဆီအုန်းခြံတစ်ခုအတွင်း သေဆုံး လျက် ပြန်တွေ့ခဲ့သည်။ကယ်ရီမောင်းသည့် အဆိုပါ အမျိုးသား (၅၇ နှစ်) သည် ကော့သောင်းမှ မိုင် ၅ဝ နီးပါး ဝေးသည့် လုံးဖောကျေးရွာသို့ ကယ်ရီအငှားလိုက်သွားပြီး ယင်း နေ့ကတည်းက အဆက်အသွယ် ပြတ်သွားသဖြင့် မိသားစုများနှင့် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေခဲ့ရာ ဆီအုန်းခြံအတွင်း သေဆုံးလျက် ပြန်တွေ့ခဲ့သည်ဟု သေဆုံးသူ၏ မိသားစုဝင်များထံမှ သိရသည်။
''ဘယ်လိုသတ်သွားလဲဆို တာမသိရသေးဘူး။ အဖေသေနေ တဲ့ မလှမ်းမကမ်းမှာ အဖေ့အသုံး အဆောင် ဖိနပ်နဲ့ပိုက်ဆံအိတ်တော့ တွေ့ခဲ့ပါတယ်'' ဟုသေဆုံးသူ၏ သားဖြစ်သူကပြောသည်။
ဆိုင်ကယ်ငှားသူက သတ်ပြီး ဆိုင်ကယ်လုသွားခြင်းဖြစ်နိုင်သည် ဟုမိသားစုဝင်များက ယူဆကြ သည်။
''အချင်းချင်း ချိတ်ဆက်မူ လုပ်ဖို့ လိုအပ်လာပါတယ်။ လူ ပြတ်တဲ့နေရာတွေမှာ အသက် အန္တရာယ်မလုံခြုံဘူးဆိုတာကယ်ရီ သမားတွေသတိထားဖို့ လိုပါ တယ်''ဟု ပိတောက်ရွှေဝါကယ်ရီ ဂိတ်မှ ကယ်ရီမောင်းသူတစ်ဦးက ပြောသည်။ ယခုနှစ်ဧပြီလကလည်း အလားတူ ဖြစ်စဉ်မျိုးဖြစ်ပွားခဲ့ သည်။
ကော့သောင်းမြို့ပြင်သို့ ခရီး သည်ပို့သည့် ဆိုင်ကယ်ကယ်ရီ သမားများ နှစ်စဉ်နီးပါးဆီအုန်းခြံ အတွင်း အသတ်ခံရလေ့ရှိသည်ဟု ဆိုင်ကယ်ကယ်ရီမောင်းသူများထံမှ သိရသည်။