images
UN
UN
အမိမြေကာကွယ်ရေးဝန်ကြီးကို ရာထူးမှဖြုတ်ချရန် ထရန့်စီစဉ်နေဟုဆို
KK(IR) Wednesday, 14 November 2018
အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်သည် အမိမြေကာကွယ်ရေး ဝန်ကြီးKirstjen Nielsen အား လာမည့်သီတင်းပတ်များအတွင်း သို့မဟုတ် မကြာမီတွင် ရာထူးမှ ဖြုတ်ချရန်ရည်ရွယ်နေသည်ဟုသိရ သည်။Nielsen ၏ လူဝင်မှုကြီး ကြပ်ရေးဆိုင်ရာ မူဝါဒများနှင့်ပတ် သက်၍ ထရန့်အနေဖြင့် ကျေနပ် အားရမှုမရှိသည့်အတွက် ယခုကဲ့ သို့ စီစဉ်နေခြင်းဖြစ်ကြောင်းWashington Post သတင်းစာမှ ဖော်ပြခဲ့ခြင်းဖြစ်သည်။Washington Post သတင်းစာ၏ ဖော်ပြ ချက်အရ ထရန့်သည် ¤င်း၏အကြံ ပေးများအား အဆိုပါဆုံးဖြတ်ချက် နှင့်ပတ်သက်၍ အကြောင်းကြား ထားပြီးဖြစ်ကြောင်းနှင့်Nielsen ၏နေရာတွင် အစားထိုးမည့်သူကို စတင်ရှာဖွေဆောင်ရွက်နေပြီဖြစ် ကြောင်းလည်း သိရသည်။
လွန်ခဲ့သည့် လအနည်းငယ် အတွင်း၌ သမ္မတထရန့်က ¤င်း အနေဖြင့်Nielsen ၏လူဝင်မှုကြီး ကြပ်ရေးဆိုင်ရာမူဝါဒများနှင့်ပတ် သက်၍ကျေနပ်အားရမှုမရှိကြောင်း နှင့် ယင်းမူဝါဒကိစ္စရပ်အပေါ်ထား ရှိသည့် ¤င်း၏ရည်ရွယ်ချက်များ ကို ပိုမိုစိတ်အားထက်သန်စွာ အကောင်အထည်ဖော်ပေးမည့်သူ ကို သူမနေရာတွင်အစားထိုးလို ကြောင်း မီဒီယာများကိုပြောကြား ခဲ့ဖူးသည်ဟု သိရသည်။
Nielsen ၏လုပ်ဖော်ကိုင်ဖက် များပြောကြားချက်အရ သူမသည် လည်း အလုပ်အပေါ်ကျေနပ်မှုမရှိ သည်မှာ လပေါင်းများစွာကြာမြင့် နေပြီဖြစ်ကြောင်း သို့သော်လည်း ရာထူးသက်တမ်းတစ်နှစ်မပြည့်ခင် လာမည့် ဒီဇင်ဘာ ၆ ရက်အထိ ရာထူးမှမနုတ်ထွက်လိုသည့် ဆန္ဒရှိ သည်ဟုသိရသည်။ ထရန့် သမ္မတ တာဝန်စတင်ယူခဲ့သည့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီကတည်းကရာထူးမှ ဖြုတ်ချခံရသူ သို့မဟုတ် ရာထူးမှ နုတ်သွားသည့် အစိုးရအဖွဲ့ဝင် ပေါင်း ၅ဝ ကျော်ရှိပြီဖြစ်သည်။
Ref: Sputnik International