images
UN
UN
၂ဝ၁၈ ခုနှစ် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက် အတန်းလိုက်လက်ဝှေ့ပြိုင်ပွဲကျင်းပ
KT Wednesday, 14 November 2018
၂ဝ၁၈ခုနှစ် မြန်မာနိုင်ငံလက် ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အမျိုး သားတံခွန်စိုက် အတန်းလိုက် လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို ယနေ့မွန်းလွဲ ၂နာရီက ရန်ကုန် တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့ နယ် ဝိုင်တီစီရှိ မြန်မာနိုင်ငံလက် ဝှေ့အဖွဲ့ချုပ်လေ့ကျင့်ရေးရုံ၊သုဝဏ္ဏ ၌ကျင်းပခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံလက် ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော် စိုးက အဖွင့်အမှာစကားပြောကြား ၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါပြိုင်ပွဲကို နိုဝင်ဘာ ၁၄ ရက်မှ ၁၇ရက်အထိ ကျင်းပမည် ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား အမျိုး သား ၄၉ ကီလိုတန်း၊ ၅၂ ကီလို တန်း၊ ၅၆ ကီလိုတန်း၊ ကီလို ၆ဝ တန်း၊ ၆၄ ကီလိုတန်း၊ ၆၉ ကီလို တန်း၊ ၇၅ကီလိုတန်း၊ ၈၁ ကီလို တန်း အမျိုးသားရှစ်တန်းနှင့် အမျိုး သမီး ၄၆ ကီလိုတန်း၊ ၄၈ ကီလို တန်း၊ ၅၁ ကီလိုတန်း၊ ၅၄ ကီလို တန်း၊ ၅၇ ကီလိုတန်း၊ ကီလို ၆ဝ တန်း၊ ၆၃ ကီလိုတန်း အမျိုးသမီး ခုနစ်တန်း၊ ပြိုင်ပွဲဝင်အမျိုးသား ၃၅ဦး၊ အမျိုးသမီး ၁၃ ဦး၊ ကလပ် အသင်းပေါင်း ၁ဝ သင်းသည် နေ့စဉ်မွန်းလွဲ ၂ နာရီမှ ပွဲပေါင်း ၁၂ ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ မည်သူမဆို ဝင်ရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။