images
UN
UN
JJ Express နှင့်G&G Convenience Store လုပ်ငန်းစုတို့ စီးပွားရေးသဘောတူညီချက်ဆိုင်ရာ လက်မှတ်ရေးထိုး
ရွှေရောင် Friday, 16 November 2018
မြန်မာ့ထိပ်တန်းသယ်ယူပို့ဆောင် ရေးကုမ္ပဏီကြီးဖြစ်သည့် JJ Express နှင့် မြန်မာ့လက်လီအရောင်း ဆိုင်ဈေးကွက်တွင် ဈေးကွက်ဝေစု အကြီးမားဆုံး လက်လီအရောင်း ဆိုင် လုပ်ငန်းစုဖြစ်သည့် G&G Convenience Store တို့အကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှု သဘောတူညီချက်တစ်ရပ် ကို ယမန်နေ့ မွန်းလွဲပိုင်းက လက် မှတ်ရေးထိုးခဲ့သည်။
အဆိုပါ စီးပွားရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှု သဘောတူ ညီချက်အရ JJ Express မှ ပြေးဆွဲ နေသည့် ခရီးစဉ်အားလုံး၏ လက် မှတ်များကို ရန်ကုန်မြို့ရှိ G&G Convenience Store ဆိုင်တိုင်း တွင် E-ticket စနစ်ဖြင့် ဝယ်ယူရ ရှိနိုင်ပြီဖြစ်သည်။
''ကျွန်တော်တို့ဆီမှာ ခရီးသွား ခါနီးဆိုရင်လက်မှတ်လိုက်ရှာဝယ် ရတာက အလုပ်တစ်ခုလိုဖြစ်ပြီး အင်မတန်အခက်အခဲ ဖြစ်ရတာကို တွေ့ရပါတယ်။ ဒါကြောင့်လူတိုင်း နဲ့ လက်တစ်ကမ်းမှာရှိတဲ့ G&G Store တွေမှာ ကျွန်တော်တို့ရဲ့ ခရီးစဉ်လက်မှတ်တွေကို E-Ticket စနစ်နဲ့ ရောင်းချနိုင်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ခုဆိုရင်တိုက်အောက် ဆင်းလိုက်ရုံနဲ့ လမ်းထိပ်မှာရှိတဲ့ G&G ဆိုင်ကို သွားလိုက်ရုံနဲ့ JJ Express ရဲ့ လက်မှတ်တွေကို ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်'' ဟု JJ Express မှ ဥက္ကဋ္ဌ ဦးမြင့်ဦး ကပြောသည်။
G&G Convenience Store မှ အမှုဆောင်ဒါရိုက်တာဦးစိုးတင့် ကလည်း ''ကျွန်တော်တို့ စားသုံး သူတွေရဲ့အခက်အခဲကို တစ်စိတ် တစ်ပိုင်းကူညီပေးတာပါ။ဲJJ Express မှ ခရီးစဉ် လက်မှတ်တွေကို G&G ရဲ့ ဆိုင်ခွဲအားလုံးမှာ ရောင်း ချနိုင်အောင်လည်း စီစဉ်ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ပြောသည်။
JJ Express နှင့် G&G Convenience Store တို့၏ ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များမှာ ၂ဝ၁၈ ခုနှစ် မေလကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး လတ်တလော တွင် ရန်ကုန်မြို့ရှိ G&G ဆိုင်ခွဲ ပေါင်း ၂၃ဝ ကျော်တွင်သာ JJ Express E-Ticket များကို ဝယ် ယူရရှိနိုင်ဦးမည်ဖြစ်သော်လည်း မကြာမီတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ G&G ဆိုင်ခွဲတိုင်းတွင် ဝယ်ယူရ ရှိနိုင်တော့မည်ဖြစ်သည်။