Facebook အား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ သိသိသာသာ မြင့်တက်လာ
Wednesday, 21 November 2018
လက်ရှိအချိန်အထိ လူသုံးအများဆုံး ဆိုရှယ်မီဒီယာအဖြစ်ရပ်တည် လျက်ရှိသော Facebook အား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ပိုမိုမြင့်တက်လာသည်ဟု ကွန်ရက်လုံခြုံရေး သုတေသနစင်တာက သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့်လအနည်းငယ်အတွင်း ပစ်မှတ်ထားတိုက်ခိုက်ခံရသည့် ဖြစ်စဉ်များနှင့်အတူ လုံခြုံရေးချိုးဖောက်ခံရမှုများကိုပါ ကြုံတွေ့ခဲ့ရ သောကြောင့် Facebook ၏ လုံခြုံရေးအဖွဲ့သည် အားနည်းချက်များကို ပြင်ဆင်မှုများပြုလုပ်ခဲ့သော်လည်း စိတ်ချရသည့်အနေအထားသို့ ရောက် ရှိလာခြင်းမရှိဟု သတ်မှတ်ရမည့်အခြေအနေများ ဆက်လက်ဖြစ်ပေါ်ခဲ့ သည်။ ယမန်နေ့တွင် ဥရောပနိုင်ငံများအပါအဝင် အာရှနိုင်ငံအချို့နှင့် အာဖရိကနိုင်ငံအချို့တွင် Facebook အား အသုံးပြုနိုင်ခြင်းမရှိသည့်အခြေ အနေတစ်ရပ်ကို ကြုံတွေ့ခဲ့ရပြီး ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်းဖြစ်နိုင် ကြောင်း သုံးသပ်လျက်ရှိသည်။ ထို့အပြင် Facebook က ဖြန့်ချိထားသော Instagram တွင်လည်း အလားတူဖြစ်စဉ်မျိုး ကြုံတွေ့ခဲ့ရပြီး Messenger အသုံးပြုသူများသည်လည်း ပုံမှန်မဟုတ်သည့်ဖြစ်စဉ်များကို ကြုံတွေ့ ခဲ့ရကြောင်း သိရသည်။
NG(Ref; PC World)