images
UN
UN
မြန်မာ့တပ်မတော်၏ရပ်တည်ချက်များကိုထောက်ခံပွဲပြုလုပ် ပြည်သူငါးသောင်းခန့်တက်ရောက်
မေနဒီမြနွယ် Sunday, 25 November 2018
ဒို့တာဝန်အရေးသုံးပါးနှင့်ပြည်ထောင်စုဖွားတိုင်းရင်းသား၁၃၅ မျိုး၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးနေသည့် မြန်မာ့တပ်မတော်၏ ရပ်တည်ချက်များအား ထောက်ခံပွဲကို လားရှိုးမြို့ အမျိုးသားရေးအဖွဲ့မှဦးဆောင်၍ ယနေ့ နံနက် ၁၁ နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မြို့နယ် (၁၂)ရပ်ကွက်ရှိ လားရှိုးဘောလုံးကွင်းအတွင်းကျင်းပရာ ပြည်သူအင်အား ငါးသောင်းခန့် တက်ရောက်၍ ထောက်ခံခဲ့ကြောင်း ပွဲဖြစ်မြောက်ရေး စီစဉ်သူကိုမင်းမင်း၏ ပြောကြားချက်အရ သိရသည်။
''ပြီးခဲ့တဲ့လ ၁၅ ရက်က နေပြည်တော် မှာလုပ်ခဲ့တဲ့အစည်းအဝေးမှာ တပ်ချုပ် ကြီးကနေ တိုင်းရင်းသားတွေ အားလုံးကို ပြည်ထောင်စုကနေ ခွဲမထွက်ဘဲ အတူ တကွစည်းလုံး ညီညွတ်စွာနေရမယ်ဆိုတဲ့ စကားနဲ့ ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ အချက်ကို အဓိကထောက်ခံတာဖြစ်ပါ တယ်။နိုင်ငံတော်မပြိုကွဲရေးအတွက် တပ်မ တော်ရဲ့ရပ်တည်ချက်ကို ထောက်ခံတဲ့အနေ နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အရှေ့ပိုင်း တွေမှာလုပ်ခဲ့ပြီးပြီ။ ရှမ်းပြည်နယ်(မြောက် ပိုင်း)ကတော့ အခုပထမဆုံး စလုပ်ဖြစ် တဲ့ပွဲဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံမှာ တပ်မတော်မရှိလို့မဖြစ်ပါဘူး။ တပ်မတော် အင်အားချည့်နဲ့သွားဖို့ဆိုတာလည်း မရှိပါ ဘူး။ ကျွန်တော်တို့နိုင်ငံမှာ ဟိုးအရင် လွတ်လပ်ရေးမရခင်ကနေ လက်ရှိအခြေ အနေအထိ တပ်မတော်မပါဝင်တဲ့အခန်း ကဏ္ဍမရှိပါဘူး။ တပ်မတော်ချည့်နဲ့သွား ခဲ့မယ်ဆိုရင်တောင် ကျွန်တော်တို့ ရှမ်း ပြည်နယ်(အရှေ့)၊ တောင်နှင့်မြောက်ပိုင်း မှာရှိတဲ့ တိုင်းရင်းသားအင်အားတွေက တပ်မတော်နဲ့အတူတစ်သားတည်းရပ်တည် သွားမယ်ဆိုတာသဘောထားထုတ်ပြန်ကြေ ညာချက်မှာပါပြီးသားဖြစ်ပါတယ်။ တပ်မ တော်နောက်မှာတိုင်းရင်းသားပြည်သူတွေ ဘယ်လောက်အထိရှိနေတယ်ဆိုတာ ပြီးခဲ့ တဲ့တပ်မတော်ထောက်ခံပွဲတွေကိုပြန်ကြည့် တာနဲ့သိနိုင်ပါတယ်''ဟု¤င်းကပြောသည်။
အဆိုပါပွဲတွင် ရှမ်းပြည်နယ်(မြောက် ပိုင်း)လားရှိုးမြို့မှ ဒေသခံပြည်သူများဖြစ် သော ဦးစိန်မြင့်နှင့် ဦးခင်မောင်ဆွေတို့က မြန်မာ့တပ်မတော်အား ထောက်ခံရသည့် အကြောင်းအရာများကို ပြောကြားခဲ့ပြီး လားရှိုးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ဗိုလ်ကြီးငြိမ်းချမ်းအောင်(ငြိမ်း)ကယနေ့ ကျင်းပသည့် တပ်မတော်ရပ်တည်ချက်များ အားထောက်ခံသည့်သဘောထား ထုတ် ပြန်ချက်ကို ဖတ်ကြားကြေညာခဲ့သည်။
ယနေ့ကျင်းပသည့်တပ်မတော်ထောက်ခံ ပွဲသို့ ရဟန်းသံဃာတော်များ အပါး ၃ဝဝ ခန့်နှင့် လားရှိုး၊ နောင်ချို၊ သီပေါ၊ကျောက် မဲ၊ သိန်းနီ၊ ကွတ်ခိုင်၊ ဟိုပန်၊ ကွမ်းလုံ၊ တန့်ယန်း အစရှိသည့်မြို့များမှ တိုင်းရင်း သားပြည်သူများအပြင် လားရှိုးမြို့မှ လူမူ ရေးပရဟိတအသင်းအဖွဲ့ ၁၂ဖွဲ့မှ ပူးပေါင်း ပါဝင်ခဲ့ကြသည်။ ထို့နောက် တက်ရောက် လာသော ပြည်သူများမှ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံနှင့် တပ်မတော် အလံတို့အား ကိုင်ဆောင်၍ ကြွေးကြော် သံခြောက်ရပ်ပါဝင်သော ဗီနိုင်းပါစာသား များဖြစ်သည့်ပြည်ထောင်စုမပြိုကွဲရေး ဒို့ အရေး၊ ပြည်ထောင်စုဖွားတိုင်းရင်းသား များ စည်းလုံးညီညွှတ်မှုမပြိုကွဲရေး ဒို့ အရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ ရေး ဒို့အရေး၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နေသည့်တပ်မတော် အား အစဉ်ဝန်းရံရေး ဒို့အရေး၊ ပြည် ထောင်စုပြိုကွဲအောင် ကြံဆောင်သူမှန်သမျှ ဆန့်ကျင်ကြ၊ တပ်မတော်ပြိုကွဲအောင်ကြံ စည်သူမှန်သမျှ ဆန့်ကျင်ကြဟူသော စာ သားများပါသော ဗီနိုင်းများကိုကိုင်ဆောင် ကြွေးကြော် ဟစ်ကြွေးခဲ့ကာ မြန်မာ့တပ်မ တော် ကိုထောက်ခံခဲ့ကြောင်း သိရသည်။