images
UN
UN
၂၄နာရီဝန်ဆောင်မှုပေးမည့် OMNI Focus Airport Shuttle ဘတ်စ်ကားတွင်လုံခြုံရေးဝန်ထမ်းလိုက်ပါကူညီမည်
မေနဒီမြနွယ် Monday, 26 November 2018
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်မှရန်ကုန်ဘူတာကြီး အထိ ခေါက်ပြန် ၂၄နာရီ ဝန်ဆောင်မှုပေး မည့် OMNI Focus Airport Shuttle ဘတ်စ်ကားတစ်စီးစီတွင် လုံခြုံရေးဝန်ထမ်းတစ်ဦးလိုက်ပါ ကူညီစောင့်ရှောက် ပေးသွားမည် ဖြစ်ကြောင်း Omni Focus General Services Public Company Limited (ဘက်စုံမြင်ကွင်း အထွေ ထွေဝန်ဆောင်မှုအများနှင့် သက် ဆိုင်သော ကုမ္ပဏီလီမိတက်) ၏ ယမန်နေ့ည ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် အဆိုပါ ထုတ်ပြန် ချက်တွင် မိမိတို့ OMNI Focus ကုမ္ပဏီအနေဖြင့်ရန်ကုန်မြို့အတွင်း နေအများပြည်သူသယ်ယူပို့ဆောင် ရေး ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ယာဉ်လမ်းကြောင်းများဖြစ်သော အမှတ်(၅ )၊အမှတ် (၂ဝ)၊အမှတ် ( ၈၃)၊အမှတ်(၉၈)၊အမှတ် (၉၉) ယာဉ်လိုင်း ငါးလိုင်းနှင့် Airport Shuttle ယာဉ်လိုင်းနှစ်လိုင်းဖြစ် သော ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်- ပြည်လမ်း-ရန်ကုန် ဘူတာကြီးယာဉ်လိုင်း၊အပြည်ပြည် ဆိုင်ရာလေဆိပ်-ကမ္ဘာအေးဘုရား လမ်း - ရန်ကုန်ဘူတာကြီးယာဉ် လိုင်းတို့အပါအဝင် စုစုပေါင်းယာဉ် လိုင်းခုနစ်လိုင်းခွဲကာ နိုင်ငံတစ်ကာ အဆင့်မီ Aircon ယာဉ်သစ်အစီး ရေ ၃ဝဝကျော်ဖြင့်ပြေးဆွဲလျက် ရှိပြီး နိုင်ငံတကာကလာရောက် လည်ပတ်သည့် ကမ္ဘာလှည့်ခရီး သွားများပါ အဆင်ပြေမြန်ဆန်စွာ သွားလာနိုင်အတွက်ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန် ဘူတာကြီးအထိ ခေါက်ပြန် Omni Focus Airport Shuttle ယာဉ်လိုင်းကို ယမန်နေ့ညမှစတင် ၍ ၂၄ နာရီ ပြေးဆွဲပေးနိုင်ခဲ့ ကြောင်း ဖော်ပြပါရှိသည်။
Omni Focus General Services Public Company Limited မှ ပြေးဆွဲသောကားများအား လုံးတွင် CCTV များ တပ်ဆင်ထား သကဲ့သို့ အဆင့်မြင့်စောင့်ကြည့် ထိန်းချုပ်ရေးကိရိယာ များလည်း တပ်ဆင်ထားပြီးထိန်းချုပ်ရေးစင် တာမှ၂၄နာရီ စောင့်ကြည့်ကူညီနေ မည်ဖြစ်ကြောင်း ယင်းထုတ်ပြန် ချက်တွင် ပါရှိသည်။