images
UN
UN
ခရီးသွားလုပ်ငန်းဈေးကွက် မြှင့်တင်မှုဆွေးနွေးပွဲ ကျင်းပမည်
ကြယ်လေး Wednesday, 28 November 2018
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အာဆီယံ-ဂျပန် ဗဟိုဌာန(ASEAN-Japan Centre) တို့ပူးပေါင်း၍ ခရီးသွားလုပ် ငန်းဈေးကွက်မြှင့်တင်မှုဆွေးနွေး ပွဲ(Tourism Marketing Seminar) ကို မန္တလေးမြို့ရှိ Mercure Mandalay Hill Resort Hotel ၌ ယခုလ ၃ဝ ရက်တွင် ကျင်းပသွား မည်ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲ၌ မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုကို တွန်းအားပေးဆောင်ရွက်ရန် ဟို တယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၏ ခရီးသွားလုပ်ငန်းမြှင့်တင်မှု မူဝါဒများကို အထောက်အကူပြု ရန်၊ အထူးသဖြင့် ဂျပန်လူမျိုးများ ၏ ခရီးသွားလာခြင်းဆိုင်ရာအလေ့ အထများ၊ ကြိုက်နှစ်သက်မှု၊ဦးစား ပေးမှုများကို ပိုမိုသိရှိနားလည်ပြီး ကောင်းမွန်သောဝန်ဆောင်မှုများ ပေးနိုင်ရန်နှင့် အာဆီယံတွင် အကောင်အထည်ဖော်ဆောင်နေ သည့် အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အပြန် အလှန်အသိအမှတ်ပြုရေး အစီ အစဉ်(MRA-TP)ကို အထောက် အပံ့ပြုရန်ရည်ရွယ်၍ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၊ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များက သက် ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြ မည်ဖြစ်၍ အစိုးရနှင့်ပုဂ္ဂလိက ခရီးသွားလုပ်ငန်းနယ်ပယ်မှ ခရီး သွားလုပ်ငန်းလုပ်ကိုင်ဆောင်ရွက် နေသူများ၊ ဧည့်လမ်းညွှန်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွား လုပ်ငန်းအေဂျင်စီများ၊ ခရီးသွား လုပ်ငန်းအဖွဲ့အစည်းမှတာဝန်ရှိသူ များ ပါဝင်တက်ရောက်နိုင်ကြောင်း သိရသည်။