images
UN
UN
မှုခင်းအသိပညာပေးဟောပြောပွဲကျင်းပ
အောင်ထက်(မင်္ဂလာဒုံ) Wednesday, 28 November 2018
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ် သန္ဓေပင် ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ မွန်းလွဲ ၁နာရီက ပြည်သူများအသိပညာများတိုးပွားစေရန်ရည်ရွယ်၍ မှော်ဘီ မြိုနယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကျော်စွာက မူးယစ်ဆေးဝါးအန္တရာယ်များနှင့် သက်ငယ်မုဒိမ်းမှုများမဖြစ်ပွားစေ ရေးအတွက် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ရာဟောပြောပွဲသို့ ရပ်မိရပ်ဖများရပ်ကွက်နေ ပြည်သူများ စုစုပေါင်းအင်အား ၁ဝဝ ကျော်ခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ ဒုမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။