images
UN
UN
SMEs အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်
ကြယ်လေး Thursday, 29 November 2018
အမေရိကန်နိုင်ငံ US-ASEAN Business Council (US-ABC) မှ ကြီးမှူး၍ ကုန်သည်စက်မှု အသင်းချုပ်၊US-ICT Council for Myanmar နှင့် Max Myan- mar ကုမ္ပဏီလီမိတက်တို့၏ ပူး ပေါင်းဆောင်ရွက်မှုဖြင့် SMEs Workshop: Digital Transformation to Boost SMEs competitiveness ကို ဒီဇင်ဘာ ၁ဝ ရက် နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီ အထိ Pyay Ballroom,4th Floor, Novotel Yangon Max Hotel ရန်ကုန်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ SMEs လုပ်ငန်းရှင်များ၏ ယှဉ်ပြိုင် နိုင်စွမ်းတိုးမြှင့်လာစေရေးအတွက် ဒီဂျစ်တယ်နည်းပညာများအသုံး ပြု၍ ဈေးကွက်ရှာဖွေခြင်း၊ ဒေသ တွင်းE-Commerce ဈေးကွက် များတွင်နေရာယူနိုင်ရေး အစရှိ သည့်ကဏ္ဍများနှင့် စပ်လျဉ်း၍ နိုင်ငံတကာမှလုပ်ငန်းရှင်များ (Fa-cebook, Cisco, VISA)နှင့် ပြည် တွင်းပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများ မှ ဗဟုသုတများ ဖလှယ်ပေးနိုင် ရေးအတွက် Panel Session များ ဖြင့်ဆွေးနွေးကြမည်ဖြစ်ပြီးအဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး၊ စက်မှု ဝန်ကြီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ US-ABC မှ အဖွဲ့ဝင်လုပ်ငန်းရှင် များတက်ရောက်ကြမည်ဖြစ်သည်။
ဆွေးနွေးပွဲသို့ တက်ရောက် မည့်သူများအနေဖြင့် US-ABC မှ အဖွဲ့ဝင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးနိုင်မည့်အခွင့်အလမ်းများ လည်းရရှိမည်ဖြစ်ပါ၍ ဆွေးနွေး ပွဲသို့တက်ရောက်ပေးနိုင်ပါရန်နှင့် တက်ရောက်ရန် စိတ်ပါဝင်စား သောပုဂ္ဂိုလ်များအနေဖြင့် အဆိုပါ ဝက်ဘ်ဆိုက် https://tinyurl. com/myanmars mew- orkshop 2018တွင် ဒီဇင်ဘာ ၅ရက်နောက် ဆုံးထား၍ တိုက်ရိုက်အမည်စာ ရင်းပေးသွင်းနိုင်ကြောင်းသိရသည်။