images
UN
UN
အာယု ၁၂ဝ ရှည်စေသောဝ်
မောင်မောက်(ဝတ်လုံ) Thursday, 29 November 2018
၂ဝ၁၈ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် ကမ္ဘာအေးကုန်းမြေရှိ ဂေါပကအဖွဲ့ရုံးခန်း အပေါ်ထပ်၌ ဆရာကန်တော့ပွဲတစ်ခု ကျင်းပခဲ့သည်။ ဒသမအကြိမ်မြောက် ဖြစ်သည်။ ၁၉၇၃-၁၉၇၄ စာသင်နှစ်နှင့် ၁၉၇၄-၁၉၇၅ စာသင်နှစ်တို့ စုပေါင်း၍ မြောင်းမြဆရာ အတတ်သင်ကျောင်းသို့ တက်ရောက်ခဲ့ကြသော တပည့်များက ထိုစဉ်က သင်ကြားပြသပေးခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများကို ဖိတ်ကြား ၍ ကန်တော့ခြင်းဖြစ်ပါသည်။
ကန်တော့ခံဆရာကြီး၊ ဆရာမကြီး များမှာ အသက် ၈၅ နှစ်အထက်ရှိကြ သလို၊ကန်တော့ကြသောတပည့် ကျောင်း ဆရာကြီးများမှာ အသက် ၆၅ နှစ်ထက် မငယ်ကြပါ။ အားလုံးအငြိမ်းစားများသာ ဖြစ်ကြပါ၏။ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများမှာ စုစုပေါင်း ခြောက်ဦး သာ ကျန်တော့သည်။ ကျန်သူများ ကွယ် လွန်ကုန်ကြပြီ။ ထိုနည်းတူ တပည့်များ ထဲတွင်လည်း ကွယ်လွန်ကုန်ကြသော တပည့်များလည်း မနည်းပါ။
ထိုကွယ်လွန်ကုန်ကြသော ဆရာများ နှင့်တပည့်များအားလုံးအတွက် တစ်မိနစ် ငြိမ်သက်၍ မေတ္တာပွား၊ သံဝေဂယူခဲ့ခြင်း အစီအစဉ်ဖြင့် အခမ်းအနားကို စတင်ခဲ့ ကြပါသည်။ထို့နောက် ဆရာကြီး၊ဆရာမ ကြီးများကို ပစ္စည်းဝတ္ထုအစုံအလင်ဖြင့် ဂါရဝပြုကန်တော့ကြပါသည်။ ကန်တော့ ခံ ဆရာကြီး၊ ဆရာမကြီး ခြောက်ဦးက အလှည့်ကျ ဆုံးမသြဝါဒပေးကြပါသည်။ မေတ္တာဆုများလည်း တနင့်တပိုးပေးကြ သည်။

ထိုအထဲတွင် ကန်တော့ခံဆရာကြီး တစ်ဦးပြောသောစကားများကို ကျွန်တော် မှတ်သားမိနေသည်။ စကားများထဲတွင် ရက်ချုပ်ဇာတာအကြောင်း ပါသည်။ ရှေးက ပေရွက်ပေဖူးဖြင့် ဇာတာဖွဲ့လေ့ ရှိကြောင်း၊ ယင်းရက်ချုပ်ဇာတာ၏ နောက်ဆုံးစာကြောင်းအဆုံး၌ အာယု ၁၂ဝ ရှည်စေသောဝ် ဟု ပါကြောင်း၊ ထိုစာကို သတိပြုရမည်ဖြစ်ကြောင်း၊ လူ တစ်ဦး၏ သက်တမ်းမှာ အမှန်တကယ် နှစ်ပေါင်း ၁၂ဝ အထိ ရှည်နိုင်ကြောင်း၊ မိမိတို့၏နေထိုင်စားသောက်ပုံ၊Life Style ပေါ်တွင် မူတည်၍ အသက်ရှည်နိုင် ကြောင်း၊အသက်ရှည်ခြင်းသည် အကျိုး တရားဖြစ်ကြောင်း၊ အသက်ရှည်အောင် နေခြင်းသည် အကြောင်းတရား ဖြစ် ကြောင်း၊ ထိုအကြောင်းတရားများကို ရှာဖွေ၍ နေထိုင်ကြရန် တပည့်များအား အလေးအနက်ထား မှာကြားလိုကြောင်း၊ ရောဂါကင်းရှင်းစွာဖြင့် အသက်ရှည်မှ သာ နောက်ဆုံး ဇိဝိန်ချုပ်သည်အထိ သာသနာ၊ ဘာသာအကျိုး၊ ရပ်ရွာအကျိုး၊ မိသားစုအကျိုးကို ဆောင်ရွက်သွားနိုင် မည်ဖြစ်ကြောင်း ပြောဆို၍ နိဂုံးချုပ်သွား ခဲ့ပါသည်။
ရက်ချုပ်ဇာတာတိုင်းတွင် အာယု ၁၂ဝ ရှည်စေသောဝ်ဟု ပါပါသည်။ ရေး ရိုးရေးစဉ်အရ ရေးသည်ဟု ထင်ခဲ့မိ၏။ ဆရာကြီးပြောမှသတိပြုမိသည်။ ''အလ ကားရေးထားတာ မဟုတ်ဘူး''တဲ့၊ ''တကယ် အသက်ရှည်နိုင်တယ်''တဲ့၊ ''ရှည်အောင်နေတတ်ဖို့ပဲလိုတယ်''တဲ့။
မြတ်စွာဘုရားရှင် လက်ထက်တော် က ရှင်ပါကူအမည်ရှိ မထေရ်ကြီးတစ်ပါး သည် သက်တော် ၁၆ဝ အထိ အနာ ရောဂါကင်းကင်းဖြင့် နေခဲ့ရကြောင်း ဖတ်ဖူးသည်။ အနာမဲ့သူ ရှင်ပါကူဟုပင် စာဆိုရှိခဲ့ဖူးသည်။ ထိုနည်းတူ အနာ ထပိဏ်သူဌေးနှင့် ဝိသာခါကျောင်းအမ ကြီးတို့သည်လည်း အသက် ၁၂ဝ ရှည် ခဲ့ကြောင်း သိရပြန်၏။
ဤတွင် စဉ်းစားစရာ ဖြစ်လာ၏။ အသက်ရှည်ခြင်းသည် အကြောင်းတရား နှင့် လျော်ညီသော အကျိုးတရားသာဖြစ် ပါ၏။
ဤသို့ဆိုလျှင်အသက်ရှည်ရန်အတွက် မည်သည့် အကြောင်းတရားများကို ဖန်တီးယူရမည်နည်း။

၁။ စိတ်ပိုင်းဆိုင်ရာ
*******************
အသက်ရှည်ရန်အတွက် စိတ်သည် အရေးလွန်စွာပါလှ၏။ 'စိတ်ပျိုကိုယ်နု' ဟူသော စကား။ 'စိတ်ကြောင့်သေ လက်ကြောင့်ကျေ' စကားများသည် လွန်စွာမှန်၏။ လူသာအိုပါစေ၊ စိတ်မ အိုပါစေနှင့်ဟုသာ ပြောချင်သည်။ မိမိ၏ စိတ်ကို အစဉ်နုပျိုနေစေရန် လေ့ကျင့် နေအပ်၏။
စိတ်ဖိစီးမှုများ၊ ပူပန်မှုများ၊ သောက များကို နည်းနိုင်သမျှနည်းအောင် နေ တတ်ရမည်။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း (MEDITATION)သည် အကောင်းဆုံး သော STRESS ကင်းဝေးနည်းဖြစ်သည်။
ထို့ပြင် သီချင်းဆိုခြင်း၊ ဟားတိုက် ရယ် မောခြင်း၊ ရွှင်ရွှင်ပျပျနေထိုင်ခြင်း၊ ချိုသာ ပြုံးရွှင်၍ နူးညံ့သောစကားလုံးများကိုသာ သုံးစွဲခြင်းတို့သည် အသက်ရှည်စေသော အကြောင်းတရားများဖြစ်၏။
လောဘ၊ ဒေါသ၊ မောဟတရားတို့ သည် အသက်ကိုတိုစေ၏။ ဖြစ်လွယ်လှ သော ဒေါသကို သတိနှင့် အထူးရှောင် သင့်သည်။ စိတ်အလိုကို မလိုက်အပ်။ ထိန်းချုပ်နိုင်ခြင်းသည် အသက်ရှည်၏။ ကိုယ်ကိုနှိမ့်ချ၍ ချိုသာယဉ်ကျေးသော စကားကိုသာ ဆိုသင့်၏။ ပြုံးပြုံးလေး နေသင့်၏။ အရာရာကို မေတ္တာတရား ဖြင့်သာ စဉ်းစားဆုံးဖြတ်စေချင်သည်။ ကိုယ်ချင်းစာတရားသည် မေတ္တာပင်ဖြစ် ၍ အသက်ရှည်ပါ၏။
ငယ်ရွယ်နုပျိုစဉ်တွင် ရုပ်ကစိတ်ကို ဦးဆောင်၍ အိုမင်းချိန်တွင် စိတ်ကရုပ် ကိုဦးဆောင်သည်ကို အထူးသတိချပ် သင့်သည်။ အိုမင်းချိန်တွင် ရုပ်ကို စိတ် က ဦးဆောင်ကာ စိတ်ကိုနုပျိုနေစေရန် အမြဲကျင့်ကြံနေထိုင်ပါက အသက်ရှည် ၏။ အချုပ်ဆိုရသော် ဗြဟ္မစိုရ်တရား လေးပါးနှင့်အညီ စိတ်ကိုပြုပြင်၍ နေ ထိုင်ခြင်းသည် အကောင်းဆုံးဖြစ်၏။

၂။ ရုပ်ပိုင်းဆိုင်ရာ
*******************
'အိမ်အိုတော့ ကျားကန်၊ လူအိုတော့ ပန်းပန်'ဟု ဆိုရိုးစကား ရှိပါသည်။ အသက်အရွယ် ရင့်လာသောအခါ ရုပ် သည် မပျိုတော့ပါ။ ပြို၍လာပါသည်။ ထိုအခါ ရုပ်ပိုင်းဆိုင်ရာ ပြုပြင်မှုများ၊ တည်ဆောက်မှုများ မဖြစ်မနေလုပ်ကြ ရတော့မည်ဖြစ်ပါသည်။ ဆဲလ်များသည် တစ်စက္ကန့်တွင် ကုဋေတစ်သိန်းမက ပျက် ယွင်းနေသည်ဖြစ်ရာ ထိုဆဲလ်များ ပြန်လည်ဖြစ်ထွန်းမှုများလာစေရန် တည် ဆောက်ရေးလုပ်ငန်းများကို ကြိုးပမ်းရ မည်ဖြစ်သည်။ သို့မဟုတ်က ပြိုပြီးရင်း ပြို၊ အိုပြီးရင်းအိုဖြစ်ကာ နောက်ဆုံးရော ဂါဝင်၍ ခန္ဓာစွန့်ရသည့်အဖြစ် ကြုံရ တော့၏။ အသက်မရှည်နိုင်တော့။
နေ့စဉ်စက္ကန့်နှင့်အမျှ ပျက်စီးနေသော ဆဲလ်များကို မည်သို့ ပြန်လည်တည် ဆောက်မည်နည်း။ အလွန်လွယ်ပါသည်။ ကျန်းမာရေးလေ့ကျင့်ခန်းများ(Physical Exercise) ကို နေ့စဉ်အချိန်မှန်မှန် လေ့ ကျင့်ခြင်းဖြင့် အိုမင်းနေသောဆဲလ်များ အစား နုပျိုနေသောဆဲလ်များဝင်ရောက် နေရာယူလာပါလိမ့်မည်။ နေ့စဉ် မပျင်း မရိ လုံ့လထားကာ လေ့ကျင့်ကြည့်ပါ။ နုပျိုလာသောအကျိုးများ လက်တွေ့ ခံစားရပါလိမ့်မည်။
လူတို့၏သက်တမ်းကို နှစ်မျိုးခွဲ၍ ရ၏။ ပထမတစ်မျိုးမှာ ပြက္ခဒိန်နှစ် (Calendar Ages) ဖြစ်ပြီး ဒုတိယမှာ ဇီဝသက်တမ်း (Biologycal Ages) ဟူ၍ ဖြစ်၏။ လူတချို့တွင် အသက် ၄ဝ ခန့် သာရှိပြီး ဇီဝသက်တမ်းအရ များစွာ အိုမင်းလျက် အသက် ၆ဝ ကျော်ခန့်ဟု ထင်ရလောက်အောင် အိုစာနေသည်ကို တွေ့ရသည်။
တချို့တွင် ပြက္ခဒိန်နှစ်အရ အသက် ၈၅ နှစ်ပင်ရှိပြီဖြစ်သော်လည်း ဇီဝသက် တမ်းအရ အသက် ၆ဝ ခန့်လောက်သာ ခန့်မှန်းရသည်။ အရွယ်တင်သည်။ နုပျို သည်ဟုပြောကြ၏။ အဘယ်ကြောင့် ဤ သို့ကွာခြားလျက်ရှိကြပါသနည်း။
ရှင်းပါသည်။
ပြုပြင်တည်ဆောက်မှုရှိသူနှင့် မရှိသူ တို့၏ ကွာခြားချက်ပင်ဖြစ်ပါ၏။ ဇီဝ ကမ္မဖြစ်စဉ်အရ ဆဲလ်တစ်ခုသည် အသစ် ဖြစ်လာ၏။ ထို့နောက် အိုမင်းလာ၏။ အိုမင်းရာမှ ပျက်စီးသွား၏။ နောက်တစ် ဖန် အသစ်မွေးဖွားလာပြန်၏။ နောက် ပျက်စီးသွားပြန်၏။ ထိုဖြစ်ခြင်း၊ ပျက် ခြင်းတို့သည် အချိန်နှင့်အမျှဖြစ်နေသည်။ အဖြစ်နည်းပြီး အပျက်များလျှင် တဖြည်း ဖြည်းအိုစာလာမည်။ အပျက်နည်းပြီး အဖြစ်များလျှင်တဖြည်းဖြည်းနုပျိုလာ၏။
သတ္တဝါတို့၏ ရုပ်ပိုင်းဆိုင်ရာ အား လုံးသည် ဆဲလ်များဖြင့် တည်ဆောက် ထားသည်ကို မည်သူမျှမငြင်းနိုင်။ ထို ဆဲလ်များအားလုံးအစဉ်နုပျိုစေရန် လွန်စွာ အရေးကြီး၏။ အစဉ်နုပျိုနေလျှင် အရွယ် တင်မည်။ အသက်ရှည်မည်။ အစဉ်နုပျို နေစေရန် မိမိကိုယ်ကို မိမိမညှာတမ်း၊ အပျင်းမတက်တမ်း ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုကို နေ့စဉ်အချိန်မှန် လေ့ကျင့်သင့်၏။GYM အားကစားခန်းမ များပေါ်လာသဖြင့် အားတက်ဖွယ် ဖြစ် သည်။အသက်ရှည်ကြောင်း အကြောင်းခံ တစ်ခုပင်ဖြစ်သည်။

၃။ အာဟာရပိုင်းဆိုင်ရာ
************************
'သဗ္ဗေသတ္တာ၊ အာဟာရဌိတိကာ' ဟု မြတ်စွာဘုရား ဟောကြားခဲ့သည်ကို လူတိုင်းအသိဖြစ်သည်။ အာဟာရမရှိဘဲ ရုပ်တစ်ခုမရပ်တည်နိုင်။ ထမင်းအသက် ခုနစ်ရက်ဟုဆို၏။အာဟာရသည် လူတို့ အတွက် ဆေးဖြစ်စေရမည်။ ဘေးမဖြစ် စေရ။ ဆေးဖြစ်သည့်အစာကို ဆောင်၍ ဘေးဖြစ်စေသောအစာကိုရှောင်ရမည်။
'နွားအိုမြက်နုကြိုက်'ဆိုသည့်စကား ကို တလွဲမတွေးသင့်ပါ။ အသက်အရွယ် ကြီးရင့်လာပြီဆိုပါက နုဖတ်လန်းဆန်း သော ဟင်းသီးဟင်းရွက်များကို ဦးစား ပေးစားကြရန် ပြောခြင်းဖြစ်ပါသည်။ နု ဖတ်လန်းဆန်းသောဟင်းသီးဟင်းရွက်များ ကို မကြိုက်လည်း ကြိုက်အောင် ဖန်တီး ချက်ပြုတ်၍ စားကြရမည်ဖြစ်ပါသည်။
ငါး၊ ပုစွန်နှင့် ပဲအမျိုးမျိုးအပြင် ဟင်း သီးဟင်းရွက်များမှလွဲ၍ ကျန်အသားများ မစားသင့်ပါ။ အမဲသား၊ ဝက်သား၊ ဆိတ် သား၊ ကြက်သား၊ ဘဲသားတို့ကို ရှောင် နိုင်က အသက်ပိုရှည်ပါသည်။ ဖော်ပြပါ တိရစ္ဆာန်များ၏အဆီများသည် လူကိုဆေး မဖြစ်စေဘဲဘေးဖြစ်စေပါသည်။ အသက် တိုစေပါ၏။ လူကိုဆေးဖြစ်စေသော အခွံမာသီး များ၊ ဘရိုကိုလီခေါ် အစိမ်းရောင်ပန်း ဂေါ်ဖီပွင့်၊ မုန်လာဥနီခေါ် ခါကျက်ဥ၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ဆလတ်ရွက်၊ ဘူး ညွန့်၊ ပဲညွန့်၊ ဂေါ်ရခါးသီး၊ ထောပတ် သီး၊ခရမ်းသီး၊ခရမ်းချဉ်