images
UN
UN
ဆိုင်ကယ်မောင်းနှင်သူများ အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဆိုင်ကယ်စီးဦးထုပ်များဝေငှ
မိုဃ်းကျ(မြစ်ကြီးနား) Thursday, 29 November 2018
ကချင်ပြည်နယ် ဗန်းမော်မြို့ နယ်အတွင်း ဆိုင်ကယ်မောင်းနှင် စီးနင်းသူများအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်သွားလာနိုင်ရေး အသိ ပညာပေးခြင်းနှင့် ဆိုင်ကယ်စီး ဦးထုပ်များဝေငှပေးခြင်းကို ယမန် နေ့ နံနက် ၉ နာရီခွဲက ဗန်းမော် မြို့ပေါ်ရှိ လမ်းဆုံ/လမ်းမကြီးများ တွင် တာဝန်ရှိသူများကကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆိုင်ကယ်မောင်းနှင်သူ များအား အသိပညာပေးဆောင် ရွက်ရာတွင်ယာဉ်ထိန်းရဲမေ(အမျိုး သမီးတပ်ဖွဲ့ဝင်) ၁ဝဦးကဆိုင်ကယ် စီးနင်းမောင်းနှင်ရာတွင် လိုက်နာ ရမည့် စည်းကမ်းများရေးသား ထားသည့် ဗီနိုင်းပိုစတာများကို ကိုင်ဆောင်ပြသထားရှိပြီး ဗန်းမော် ခရိုင် ယာဉ်အန္တရာယ်/လမ်းအန္တ ရာယ်ကင်းရှင်းရေး ကော်မတီဝင် ယာဉ်ထိန်းရဲအရာရှိများနှင့် တပ်ဖွဲ့ ဝင်များ၊ ပူးပေါင်းပါဝင်သည့်ဌာန များမှ တာဝန်ရှိသူများက မြို့ပေါ် လမ်းများတွင် မောင်းနှင်သွားလာ လျက်ရှိသည့် ဆိုင်ကယ်များအား ရှောင်တခင်စစ်ဆေးပြီးဆိုင်ကယ်စီး ဦးထုပ်မပါရှိသူများအား ဆိုင်ကယ် စီးဦးထုပ်များဝေငှပေးခဲ့သည်။
အဆိုပါ ဆိုင်ကယ်မောင်းနှင် စီးနင်းသူများအား အသိပညာပေး ခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ်များ ဝေငှပေးရာတွင် ဗန်းမော်ခရိုင် ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီဥက္ကဋ္ဌ၊ ဗန်း မော်ခရိုင်အုပ်ချုပ်ရေးမှူးဦးထွေးမြင့်၊ ကော်မတီဝင်များဖြစ်သည့် ခရိုင် ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးတင့်ဝေ နှင့် တာဝန်ရှိသူများ၊ ဗန်းမော်မြို့ အမှတ်(၁ဝဝ) ယာဉ်ထိန်းရဲတပ်ဖွဲ့ စုမှ ဒုရဲမှူးသက်နိုင်ဦးနှင့် တပ်ဖွဲ့ ဝင်များ၊ အင်အား၎ဝကျော်က ဗန်းမော်မြို့ရှိ သိမ်မဟာစေတီတော် ကြီးရှေ့လမ်းဆုံနှင့် ပေါက်ကုန်း ရပ်ကွက်လမ်းဆုံတို့တွင် ဆောင် ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် အလား တူ မိုးညှင်းမြို့နယ်တွင် တစ်ချိန် တည်း ဆိုင်ကယ်စီးနင်းမောင်းနှင် သူများ အန္တရာယ်ကင်းရှင်းရေး တာဝန်ရှိသူများက အသိပညာပေး ခြင်း၊ ဆိုင်ကယ်စီးဦးထုပ်များ ဝေငှ ခြင်း ရောင်ပြန်စတေကာများ ကပ် ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။