images
UN
UN
တစ်ပါတီအာဏာရှင်မဖြစ်ဖို့ဆိုတာ ပါတီစုံစနစ်ခိုင်မြဲဖို့ဆိုတာ ပါတီတွေကို ဒီမိုကရေစီအရ ဖြစ်လာအောင် UEC က ပံ့ပိုးပေးရမယ်
သတင်းအဖွဲ့ Thursday, 29 November 2018
ရန်ကုန်မြို့ သံလွင်လမ်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(ရန်ကုန်)တွင် နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီက နိုင်ငံရေးပါတီများ စုပေါင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။ အဆိုပါစုပေါင်းသတင်းစာရှင်းလင်းပွဲသို့ သတင်းမီဒီယာ ၃ဝ ခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသည့်သတင်း မီဒီယာများ၏မေးမြန်းမှုများကို သက်ဆိုင်ရာနိုင်ငံရေးပါတီတို့မှ တာဝန်ရှိသူများ၏ပြန်လည်ဖြေကြားမှုများကို ဖော်ပြအပ်ပါသည်။

ငြမ်းမီဒီယာ

* ၂၇ပါတီကြေညာချက်နဲ့ပတ်သက် ပြီးတရားစွဲထားတယ်လို့သိရပါတယ်။အဲ့ဒါဘယ်မှာစွဲတာလဲ နည်းနည်း လောက်ရှင်းပြပေးပါ။

ဦးတင်ဆွေ (ဒုတိယဥက္ကဋ္ဌ)
ဒီမိုကရက်တစ်ပါတီ (မြန်မာ)

* တာမွေမြို့နယ်ရဲစခန်းမှာ တရားစွဲ ထားပါတယ်။ဒီငြိမ်းပါတီကဦးတင် ရွှေကတရားလို။ သူတို့ကပြောတဲ့အခါ နှစ်ယောက်စွဲလို့မရဘူး။ တစ်ယောက်ပဲ စွဲ ပါဆိုတော့ ဒီငြိမ်းပါတီကသမိန်ဗရမ်း မှာနေတယ်။ ကျွန်တော်က တောင်ဒဂုံမှာ နေတယ်။ အဲ့ဒါကြောင့် သူပဲစွဲမယ် ဆိုပြီး စွဲခဲ့တာ။ ဒီနေ့အထိတော့ ဘယ်အဆင့် ရောက်ပြီဆိုတာမသိသေးဘူး။ ၂၇ ပါတီ သဘောထားလက်မှတ်ထိုးတဲ့ထဲမှာ နံပါတ် ၅ မှာဦးတင်ဆွေဆိုတာ ပါပါတယ်။ ကျွန်တော့်ပါတီမှာလည်း အဲ့ဒီလော်ဘီ တစ်ယောက်က လုပ်လိုက်တဲ့အတွက် ကျွန်တော့်ပါတီထဲမှာတောင်မှ ကြေညာ ချက်ကို မသိသေးတဲ့သူကဟာ ဘာဖြစ် လို့ တရားစွဲရတာလဲဖြစ်သွားတယ်။ ကျွန်တော်ပါတီအနေနဲ့စွဲသလို ဒီငြိမ်းက လည်း သူ့ပါတီအနေနဲ့စွဲတာပါ။ ၂၇ ပါတီကိုယ်စားစွဲတာမဟုတ်ပါဘူး။ စွဲ တာကလော်ဘီလုပ်တဲ့ ရှမ်းပြည်က တစ် ယောက်ရယ်၊ ရန်ကုန်က တစ်ယောက် နှစ်ယောက်ကိုစွဲထားတာ။အဲ့ဒီနှစ်ယောက် ကို ၆၆(ဃ)နဲ့ ပုဒ်မတပ်ပေးထားတာပါ။

MNTV သတင်းမီဒီယာ


* ဒီနေ့အစည်းအဝေးမှာက UEC ကနေ ပြန်ပြောလာတဲ့ ထုတ်ပြန်ချက်ကိုပဲ ဆွေးနွေးတာလား။ တခြားဘယ် အကြောင်းအရာတွေ ဆွေးနွေးသေး လဲ။ ဆရာတို့ အဲ့ဒီ့ UEC ကပြန်ပြီး တော့အကြောင်းပြန်လာတော့ UEC ကို ဘယ်လိုပြန်အကြောင်းပြန်သွားဖို့ ရှိလဲ။ နောက်တစ်ခုကကျတော့ UEC နဲ့တွေ့ဖို့ ခဏခဏပြောတယ် ပေါ့။ တွေ့ခွင့်မရဘူးလို့ပြောတယ်။ တွေ့ခွင့်ရမယ်ဆိုရင်ရော ဆရာတို့က ဘယ်လိုအချက်တွေကို တင်ပြသွားဖို့ ရှိမှာလဲ။

ဦးဌေးကျော်(ဥက္ကဋ္ဌ)
မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ

* အဓိကကတော့ ကျွန်တော်တို့ face to meet ပေါ့။ ကျွန်တော်တို့ UEC နဲ့ Table dialouge တွေ့တဲ့ အချိန်မှာ ၂၇ ပါတီရဲ့တင်ပြချက်နဲ့ ပတ်သက်ပြီး တော့ ကျွန်တော်တို့စာတွေပေတွေနဲ့ သွား နေမယ့်အစားဒီအကြောင်းအရာကို တင် ပြီးတော့ နိုင်ငံရေးယဉ်ကျေးမှုနဲ့အညီပေါ့ ဗျာ။ ဒါလေးအလိုက် အဖြေထွက်ပါ တယ်။ အဓိကက ကျွန်တော်တို့ မတွေ့ရ လို့။ ဒီဟာလေးကို ကျွန်တော်တို့က ထပ်ခါတစ်လဲလဲ ကျွန်တော်တို့ တင်ပြ နေတာပါ။ ဆွေမျိုးတွေများ ဆွေပျက် မျိုးပျက်တွေများ ဖြစ်နေမလားမသိဘူး။

MNTV သတင်းမီဒီယာ


* ဒီကြားထဲတွေ့ခွင့်မရရင်ရော သူတို့ ထုတ်ပြန်လာတဲ့စာပေါ့။ ဆရာတို့ ဘက်ကတော့ပြောတာတော့ ဒီလိုမျိုး ထုတ်ပြန်လာတာUEC အောက်မှာ ကျွန်တော်တို့က လက်အောက်ခံအဖွဲ့ အစည်းမဟုတ်ဘူးတဲ့။ ဒီလို ထုတ် ပြန်လာတဲ့အပေါ်မှာ ဆရာတို့က ဘယ်လို ပြန်လုပ်မှာလဲ။

ဦးဌေးကျော် (ဥက္ကဋ္ဌ)
မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ

* အရမ်းကောင်းတဲ့ မေးခွန်းပါ။ သူ့ အလုပ်သူလုပ်တာပေါ့နော်။သူလည်း သူ့အလုပ်သူလုပ်မယ်။ ကျွန်တော်တို့က တွေ့ခွင့်တောင်းမယ်။ တွေ့ခွင့်ပေးမယ် ဆိုရင်၊ စီစဉ်တယ်ဆိုရင်၊ ဒါကျွန်တော်တို့ တွေ့ခွင့်ဆိုတာက ကျွန်တော်တို့ အဲဒီ့ တောင်းတဲ့အထဲမှာ ၂၇ပါတီတင် မဟုတ် ဘူးဗျ။ ကျွန်တော်တို့ နိုင်ငံရေးပါတီ အားလုံးနဲ့ သက်ဆိုင်တဲ့ အတွက်ကြောင့် နိုင်ငံရေးပါတီအားလုံးနဲ့ တွေ့ဆုံခွင့်ပြုဖို့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ဆောင်ရွက်ပေး ပါဆိုပြီးတော့၊ ကျွန်တော်တို့ တင်ပြအပ် ပါသည်ဆိုပြီးတော့ ကျွန်တော်တို့က ဒါကိုပြောတယ်ပေါ့နော်။ အဲဒီတော့ တွေ့ ဆုံတဲ့ UEC ကို ခွင့်တောင်းတာတော့ အဲ့ဒါပေါ့။ သူဘက်က အကြောင်းမပြန် ဘူး။ တွေ့ခွင့်မပေးဘူးဆိုတာ ဒါသူ့ အပိုင်းပါ။ ကျွန်တော်တို့ အဲ့အပေါ်မှာ ဘာမှထင်မြင်ယူဆချက် မပြောလိုဘူး။ သို့သော်ကျွန်တော်တို့အပိုင်းက ကျွန်တော် တို့ကလည်း နိုင်ငံရေးပါတီတွေထူထောင် တယ်ဆိုကတည်းက တည်ဆဲနိုင်ငံရေး ပါတီမှတ်ပုံတင်ဥပဒေအရ ကျွန်တော် တို့ဥပဒေနဲ့အညီပဲ ကျွန်တော်တို့ဘက်က ဒီ ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေကို လည်း ကျွန်တော်တို့ ဒီနိုင်ငံရေးက လွှတ်တော်တွင်းနိုင်ငံရေး၊ လွှတ်တော် ပြင်ပ၊ နောက်ဆုံးကုန်ကုန်ပြောမယ်ဗျာ လမ်းဘေးကအစ နိုင်ငံအကျိုးအတွက် တိုင်းပြည်မဖျက်ဆီးဘဲနဲ့ ပြည်သူကိုမထိ ခိုက်ဘဲနဲ့ ကောင်းရာကောင်းကြောင်း ပြောတာဗျာ။ ဆရာတို့လည်း နိုင်ငံရေး လုပ်နေတာပဲ။ နိုင်ငံရေးလုပ်တယ်ဆိုတာ နိုင်ငံရေးပါတီထောင်မှ၊ တိုက်ပုံဝတ်နေမှ ဒီလို မဟုတ်ပါဘူး။ အားလုံး နိုင်ငံသူ နိုင်ငံသားတွေက စာရေးဆရာ နေဝင်း ထွန်းပြောသလိုပဲ နိုင်ငံရေးဘယ်သူလုပ် လဲဆိုရင် ဒီနိုင်ငံက လူတွေမှမလုပ်ရင် ဘယ်သူတွေလုပ်ကြမလဲ။ နိုင်ငံရေးပါတီ တွေလည်း ပုံချလို့မရသလို ကျွန်တော်တို့ UEC လည်း ဘယ်အပေါ်မှာပုံ။ ကျွန် တော်တို့အားလုံးကိုယ့်နိုင်ငံအရေးအားလုံး နဲ့ဆိုင်နေလို့ဆရာလည်း ခုနကပြောသလို ကျွန်တော်တို့ နိုင်ငံရေးပါတီဆိုတာက ပြည်သူရဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်တယ်။ အဲ့ဒါကြောင့်မို့လို့ကိုယ်လုပ်စရာရှိတဲ့ နိုင်ငံ ရေးပါတီအလုပ်တွေလုပ်ပါမယ်။ ဆက် လုပ်ပါမယ်။ အဲ့ဒါလေးပဲဖြေကြားလိုပါ တယ်။
ကျွန်တော်တို့ ဒီအပေါ်မှာပဲ ပြီးပြတ် အောင်ဆက်ပြီးဆွေးနွေးတယ်။ဒီအကြောင်း အရာအပေါ်မှာပါပဲ။ ကျန်တာကတော့ ဘာမှမရှိပါဘူး ။ကျေးဇူးတင်ပါတယ်။
ဘုရားပွဲလုပ်မယ်ဆိုပြီး ဖဲဝိုင်းထောင် လို့မရဘူးခင်ဗျ။ သူ့ရဲ့ အစီအစဉ်လေးပဲ ပြောပါတယ်။

ဦးတင်ဆွေ (ဒုတိယဥက္ကဋ္ဌ)
ဒီမိုကရက်တစ်ပါတီ (မြန်မာ)
*****************************
အန်ကယ်ပြောချင်တာက ၁၉ ရက် နေ့နဲ့ ပတ်သက်လို့ အန်ကယ်တို့က ဆွေး နွေးကြတယ်။ ဆွေးနွေးတော့ အန်ကယ် ပြောချင်တာက နိုင်ငံရေးပါတီတွေ အား ကောင်းအောင် ဘာပဲဖြစ်ဖြစ် နိုင်ငံရေး ပါတီ လမ်းကောင်းကောင်းမလျှောက်တတ် ရင် လျှောက်တတ်အောင် သူက တွဲခေါ် ရတယ်။ ဘာလို့လဲဆိုတာ တစ်ပါတီ အာဏာရှင်စနစ်မဖြစ်ဖို့ဆိုတာ နိုင်ငံရေး ပါတီတွေရှိနေမှ စစ်မှန်တဲ့ နိုင်ငံရေးပါတီ ဒါဖွဲ့စည်းပုံမှာလည်းပါတယ်။တပ်မတော် အစိုးရလက်ထက် အကြီးအကဲက ၂ဝ၁ဝ ပြည့်နှစ် မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့ သူကဘာပြောသွားလဲဆိုတော့ စစ်မှန်တဲ့ ပါတီစုံစနစ်ကိုသွားမယ့် ပါတီတွေကို အားပေးရမယ်တဲ့။ နောက်တစ်ခါ ထပ် ပြောတယ်။ အဲဒီ ခုနှစ်မှာပဲ စစ်မှုထမ်း ဟောင်းညီလာခံမှာထပ်ပြောတယ်။သူက ပြောသွားတဲ့ အဓိပ္ပာယ်ကို အန်ကယ်တို့ သဘောပေါက်တယ်။ မကြာခင်ကပဲ ကိုလံဘီယာမှာလက်နက်တွေ ဖျက်သိမ်း ပြီး ပါတီထောင်တယ်။ အရင် သမ္မတက ဘာလုပ်တယ်။ သူကသူ့ရဲ့ အပြစ်တွေကို သူကဖြေလိုက်တယ်ပေါ့နော်။ဖြေလိုက်တဲ့ အခါကျတော့ပြည်သူလူထုက လက်မခံ ဘူး။သူတို့အတွက် ရန်ပုံငွေမရှိတောင်မှ ပြည်ထောင်စု အစိုးရမှာ ရန်ပုံငွေ သူတို့ ပါတီထောင်ဖို့လုပ်ပေးတယ်။ ပြောချင် တာက တစ်ပါတီအာဏာရှင်ဆိုတာ မိုး ပေါ်က ကျလာတာမဟုတ်ဘူး။ သူတို့ ပါတီထဲကပဲကျလာတာ။ဒါကြောင့် တစ် ပါတီအာဏာရှင်မဖြစ်ဖို့ဆိုတာ ပါတီစုံ စနစ်ခိုင်မြဲဖို့ဆိုတာ အဲဒီ့ပါတီတွေကို ဒီမို ကရေစီအရ ဖြစ်လာအောင် UEC က ပံ့ပိုးပေးရမယ်။ တွဲလျှောက်ပေးရမယ်။ ပါတီစုံစနစ်ကို ခိုင်မြဲဖို့ ပါတီစုံစနစ်စစ်မှန် ဖို့ကိုကော်မရှင်က ထိန်းကျောင်းဖို့အရေး ကြီးပါတယ်။ ကျေးဇူးတင်ပါတယ်။