images
UN
UN
နန်းခလဲစံပြကျေးရွာကျောင်း(ခွဲ)တွင် ကျန်းမာရေးအသိ ပညာပေးဟောပြော
ကျော်ဆန်း Friday, 30 November 2018
ရန်ကုန်တိုင်းဒေသကြီး သုံးခွ မြို့နယ်တွင် ကိုရီယားနိုင်ငံKOI- CA အဖွဲ့၏ကူညီထောက်ပံ့မှုဖြင့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော နန်းခလဲစံပြကျေးရွာ ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျေးရွာအခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)တွင် ကျန်းမာရေးအသိ ပညာပေးဟောပြောပွဲကျင်းပရာ ဘုရားကြီးစံပြကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှကျန်းမာရေး မှူး ဒေါ်ခိုင်သန့်သန့်လှိုင်က တစ်ကိုယ်ရေကျန်းမာရေးနှင့် သွေးလွန် တုပ်ကွေးအကြောင်းကျန်းမာရေးနှင့် ပတ်သက်သည့် သိသင့်သိ ထိုက်သည်များကို ဟောပြောခဲ့ပြီးကျောင်းအုပ်ဆရာမကြီးဒေါ်ထွေး ထွေးငယ်၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက် ရောက်ခဲ့ကြောင်း သိရသည်။