images
UN
UN
တရားမဝင်ငါးဖမ်းဆီးမှုပပျောက်ရေးနှင့် ငါးသယံဇာတထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကျင်းပ
အောင်မင်း(မြောင်းမြ) Friday, 30 November 2018
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်ငါးလုပ်ငန်းဦးစီးဌာန မှကြီးမှူး၍ တရားမဝင်ငါးဖမ်းဆီး မှု ပပျောက်ရေးနှင့် ငါးသယံဇာတ ထိန်းသိမ်းရေးအသိပညာပေးဟော ပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီ က မြောင်းမြမြို့နယ် ဗမော်သုံးခွ ကျေးရွာအုပ်စု မြသိန်းတန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပ သည်။
အသိပညာပေး ဟောပြောပွဲ တွင် ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးသက်ဦးကတိုင်းဒေသကြီးရေချို ငါးလုပ်ငန်းဥပဒေအရတားမြစ်ထား သော တားမြစ်ငါးဖမ်းကိရိယာ (Battery Shock) ပစ္စည်းများနှင့် တရားမဝင် ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်နေမှုများကြောင့် ငါး သယံဇာတပြုန်းတီးခြင်းနှင့် ငါး မျိုးစိတ်များ ပျောက်ကွယ်လာနိုင် ကြောင်း၊ ငါးမျိုးမပြုန်းတီးရေး အတွက် အားလုံးကဝိုင်းဝန်းထိန်း သိမ်းစောင့်ရှောက်ရန်လိုအပ်ကြောင်း ပြောကြားပြီး ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီမြင့် ကစပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် ငါး သယံဇာတဆက်စပ်ပုံအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက နိဂုံးချုပ် အမှာစကားပြောကြားပြီး ဗမော် သုံးခွကျေးရွာအုပ်စု၊ ကံသာကုန်း ကျေးရွာအုပ်စု၊ အထက်ဝဲဒေါင့် ကျေးရွာများမှ တောင်သူများ ၊ ရေ လုပ်ငန်း လုပ်ကိုင်သူများ ၊ ကျေး ရွာပြည်သူများသိလိုသည်များ မေး မြန်းမှုကို သက်ဆိုင်ရာတာဝန်ရှိသူ များက ပြန်လည်ဖြေကြားခဲ့သည်။