images
UN
UN
ဝေါမြို့နယ် အဗျားအောက်စုကျေးရွာ၌ (၉၈)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြော နယ်လှည့်ရွေ့လျားစာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်
အောင်မြတ်လင်း Friday, 30 November 2018
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီး ဌာန၊ စာပေချစ်သူများအဖွဲ့နှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ (၉၈)နှစ်မြောက် အမျိုးသားအောင် ပွဲနေ့အကြို အသိပညာပေးဟော ပြောပွဲနှင့် နယ်လှည့်ရွေ့လျားစာ ကြည့်တိုက်လုပ်ငန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဗျားအောက်စု အလကခွဲကျောင်းတွင် ကျင်းပခဲ့ သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ အကြောင်း အသိပညာပေးဟော ပြောပြီးနောက် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဝေါ မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးထွန်းနိုင်က အနာဂတ်လူငယ် များ၏ ကျန်းမာရေးအတွက် စား သုံးရန်သတိပြုရမည့်အစားအစာ များအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ဝေါ မြို့နယ် စာပေချစ်သူများအဖွဲ့မှ ဥက္ကဋ္ဌဦးမြင့်စိုးက'စာမှန်သမျှဖတ်' ခေါင်းစဉ်တို့ဖြင့်လည်းကောင်း၊ စာပေချစ်သူများအဖွဲ့မှ စာရေး ဆရာမျိုးမြတ်က 'စာအုပ်စာပေ လူ့မိတ်ဆွေ'ခေါင်းစဉ်ဖြင့်ပညာပေး ဆောင်ရွက်ခဲ့ကြသည်။ ကျောင်း အုပ်ဆရာကြီး ဦးကျော်စိုးက ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါအသိပညာပေးပွဲသို့ အလကခွဲကျောင်းအုပ်ဆရာကြီး နှင့် ဆရာဆရာမများ၊ကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့ကြ ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည် သူ့ဆက်ဆံရေးဦးစီးဌာနမှ ကဗျာ၊ သုတရသ စာအုပ် ၁ဝ၃ အုပ်နှင့် မြို့နယ်စာပေချစ်သူများအဖွဲ့၏ ဘဝအလင်းဆောင် စာကြည့်တိုက် မှ သုတရသစာအုပ် ၅ဝ တစ်လ ငှားရမ်းပေးကာပြန်/ဆက်ဝန်ထမ်း များက ပုံပြောခြင်း၊ ကဗျာရွတ်ဆို ခြင်းသင်ကြားကာ အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ် စာစောင်၊ ဓာတ်ပုံပြခန်းပြသပေးခဲ့ ကြောင်း သိရသည်။