images
UN
UN
ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် ကနဦးမိတ်ဆက်ပညာပေးဟောပြော
လင်းလင်း(ရေဖြူ) Friday, 30 November 2018
တနင်္သာရီတိုင်းဒေသကြီးကော့ သောင်းခရိုင် ကော့သောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အမှိုက်ကင်းစင်ရေး စံပြကျေးရွာများဖြစ်စေရန်ရည်ရွယ် ၍ ကျေးရွာသန့်ရှင်းရေးအတွက် ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှု စနစ် ကနဦးမိတ်ဆက် ပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန် နေ့ နံနက် ၁ဝနာရီကကော့သောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ ၌ ကျင်းပခဲ့သည်။
အဆိုပါ ပညာပေးဟောပြောပွဲ တွင် ကော့သောင်းမြို့နယ် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးသူရိန် ထွန်းက အမှိုက်၏အဓိပ္ပာယ်၊ အမှိုက်အမျိုးအစားများ၊ အမှိုက် ကြောင့် မြေ၊ ရေ၊ လေ၊ မြေဆီလွှာ များ ပျက်စီးရခြင်းအကြောင်းကို လည်းကောင်း၊ အမှိုက်ကင်းစင် ကျေးရွာများ ဖြစ်လာစေရန်ဆောင် ရွက်ရမည့်နည်းလမ်းများနှင့်ကျေးရွာ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်များ အကြောင်း စသည့်အကြောင်းအရာ များကို ကျေးရွာအတွင်း လက်တွေ့ ဆောင်ရွက်ရာတွင် အထောက်အပံ့ ဖြစ်စေရန်အတွက် ပရိုဂျက်တာဖြင့် ပြသ၍ ကနဦးမိတ်ဆက်ဟောပြော ဆွေးနွေးခဲ့သည်။
အခမ်းအနားသို့ ကော့သောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း၊ ဌာနဆိုင်ရာများ မှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ နှင့်ကျေးရွာအုပ်စုစာရေးများ တက် ရောက်ကြကြောင်း သိရသည်။