images
UN
UN
ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြော
အောင်ထက်(မင်္ဂလာဒုံ) Friday, 30 November 2018
ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်ခရေပင်လမ်းခွဲအနီး ရှိ အောင်ဆန်းသူရိယလှသောင်း ကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက ကျောင်းသားကျောင်းသူ များ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းများကို အန္တရာယ်ကင်းရှင်း စွာ အသိပညာဗဟုသုတများ ရရှိ စေရန် ရည်ရွယ်၍ ဟောပြောပွဲကို ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ အမှတ် (၆၄) ယာဉ်ထိန်းရဲတပ် ဖွဲ့စုမှူးရုံးမှ ရဲအုပ်ထင်ကျော်သူနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ပရို ဂျက်တာဖြင့် အသေးစိတ်ရှင်း လင်းပြောကြားခဲ့သည်။
အောင်ဆန်းသူရိယလှသောင်း ကျောင်းမှ ကျောင်းအုပ်ချုပ်မှု တာဝန်ခံ အရာရှိဗိုလ်မှူးရဲမြင့် အောင်နှင့် ဆရာ၊ ဆရာမ ၂ဝ၊ ကျောင်းသားကျောင်းသူများ စုစု ပေါင်း ၄ဝဝ ကျော်ခန့် တက် ရောက်ခဲ့ပြီး အခမ်းအနားကို နံနက် ၁ဝ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။