images
UN
UN
အမှန်တကယ် သွေးရိုးသားရိုးနဲ့ စေတနာအမှန်နဲ့သာဆိုရင် နိုင်ငံအဝန်းဒေသအသီးသီးမှာ လိုအပ်ချက်တွေကို ရွေးကောက်ပွဲဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ သွားရောက်ဆောင်ရွက်ကြရမှာပေါ့
သတင်းအဖွဲ့ Saturday, 01 December 2018
ရန်ကုန် ဒီဇင်ဘာ ၁
ရန်ကုန်မြို့ သံလွင်လမ်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(ရန်ကုန်)တွင် နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီက နိုင်ငံရေးပါတီများ စုပေါင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။ အဆိုပါစုပေါင်းသတင်းစာရှင်းလင်းပွဲသို့ သတင်းမီဒီယာ ၃ဝ ခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသည့်သတင်း မီဒီယာများ၏မေးမြန်းမှုများကို သက်ဆိုင်ရာနိုင်ငံရေးပါတီတို့မှ တာဝန်ရှိသူများ၏ပြန်လည်ဖြေကြားမှုများကို ဖော်ပြအပ်ပါသည်။

The Lady News မီဒီယာ
* ၂၇ ပါတီရဲ့နိုင်ငံတော်လတ်တလော ဖြစ်နေတဲ့စီးပွားရေးကိစ္စနဲ့ပတ်သက် ပြီးတော့အကြံပြုချက်စာကိုတင်တယ်။ တင်တော့ ရွေးကောက်ပွဲကော်မရှင် ကတစ်ဆင့်တင်တယ်။ တင်တဲ့ အခါ မှာရွေးကောက်ပွဲကော်မရှင်က ဆရာ တို့ကိုစာပြန်ပေးတယ်ပေါ့နော်။ ပါတီ မှာရှိတဲ့ဗဟိုအလုပ်အမှုဆောင်ရဲ့CEC ရဲ့ ဆုံးဖြတ်ချက်ပါလား။ အကြောင်း ကြားစာဆရာတို့ကိုပို့တယ်။ ဒီအပေါ် မှာဒီလိုမျိုး ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြန်ပေးတဲ့အကြောင်းကြားစာက ရွေး ကောက်ပွဲကော်မရှင်ရဲ့ လုပ်ထုံးလုပ် နည်းတွေရွေးကောက်ပွဲဆိုင်ရာ ဥပဒေ တွေနဲ့အကျုံးဝင်သလား။ဒါမှမဟုတ် ရင် ဒီဟာကိုအကျုံးမဝင်ဘဲနဲ့ဘောင် ကျော်ပြီးတော့လုပ်တာလား။ ဒီဟာ လေးတစ်ခုကို ကွဲကွဲပြားပြားလေး ဖြေပေးစေချင်ပါတယ်။
ဦးသိန်းထွန်းဦး (ပြောရေးဆိုခွင့်ရှိသူ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
* ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေး ကောက်ပွဲကော်မရှင်ရဲ့လုပ်ပိုင်ခွင့်၊ အဲ့
လုပ်ပိုင်ခွင့်မှာ ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ဟာရွေးကောက်ပွဲတွေပေါ် ပေါက်လာဖို့အတွက်ကြီးကြပ်ဆောင်ရွက် ရမယ်ဆိုတဲ့အပိုင်း ဒီလောက်ပဲပေးထား တယ်။
သို့သော် နိုင်ငံရေးမှတ်ပုံတင်ခြင်း ဥပဒေမှာက ဒီပါတီတွေကို ကြီးကြပ်ရ မယ်ဆိုတာပါတယ်။ အဲ့လို ကြီးကြပ်ရ မယ်ဆိုတဲ့စကားရပ်က ဝင်ရောက်စွက် ဖက်ရမယ်ဆိုတဲ့ဟာ မပါဘူးဗျ။ အခု ဖြစ်စဉ်က အစည်းအဝေးတစ်ခုကိုလာပြီး ဒီအစည်းအဝေးကနေပြီးတော့ဘုံသဘော တူညီချက်ကို ထုတ်ပြန်လိုက်ပြီ။ အဲဒီ သဘောတူညီချက်ထုတ်ပြန်မှုသည် အနိမ့် ဆုံး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ပါတယ် ဗျာ။ အဲ့ဒါကိုမှ အဲဒီတစ်ဖွဲ့ချင်း တစ်ဖွဲ့ ချင်းရဲ့ CECရဲ့ဆုံးဖြတ်ချက်တွေပါလား ဆိုတော့ ခင်ဗျားတို့စဉ်းစားကြည့်တော့ ဘယ်တုန်းကကြားဖူးလို့လဲ။ အဲ့ဒါကျ တော့ပါတီတစ်ခုချင်းရဲ့ လုပ်ပိုင်ခွင့်တွေ ပေါ်မှာဝင်ရောက်စွက်ဖက်တယ်လို့ ကျွန် တော်တို့က ဒီလိုခံစားကြရတယ်။ ဒီပါတီ ၂၇ ပါတီလုံးက အဲ့လိုခံစားကြရတယ်။ ဒီတော့ရှင်းအောင်ပြောရလို့ရှိရင်တော့ ဒီ ဟာနဲ့ပတ်သက်လို့ နှစ်ကြိမ် ကျွန်တော်တို့ စာပို့တယ်။ ပထမအကြိမ်၂၇ ပါတီကနေ ပြီးတော့ပူးပေါင်းပြီးတော့အကြောင်းပြန် လိုက်တယ်။ တွေ့ဆုံဆွေးနွေးဖို့ အဓိက ထားပြီးတော့ပြန်လိုက်တယ်။ သို့သော် လည်းပဲ သူကမဟုတ်ဘူး။ တစ်ပါတီ ချင်းကိုထပ်ပို့တယ်။CEC ကနေပြီးတော့ ပါတီတစ်ခုချင်းစီရဲ့ ဆုံးဖြတ်ချက် ၂၇ ပါတီထုတ်ပြန်ချက်မှာပါမပါပဲလိုချင်ပါ တယ်ဆိုတဲ့ ဒီလိုအကြောင်းကြားစာမျိုး။ ဒါကျတော့ နည်းနည်းများတယ်။ အဲ့ဒါ ကျတော့ကြီးကြပ်တာ မဟုတ်တော့ဘူး။ စွက်ဖက်တာဖြစ်လာပြီ။ ဒါကြောင့်မို့လို့ ကြီးကြပ်ခြင်းနဲ့စွက်ဖက်ခြင်းကို ကျွန် တော်တို့ကွဲကွဲပြားပြားသိရှိဖို့ လိုပါလိမ့် မယ်။ သူတို့ကတော့ ဒါကြီးကြပ်တယ်လို့ ပြောပါလိမ့်မယ်။ ကျွန်တော်တို့လည်းပဲ နိုင်ငံရေးပါတီတွေ ဥပဒေချိုးဖောက် နေရင် အမှန်တကယ်ကြီးကြပ်စေချင်လို့ သူတို့ကိုတိုက်တွန်းခဲ့တယ်။ မှတ်မိကြပါ လိမ့်မယ်။MICC 2 အမျိုးသမီးပွဲ လုပ် သွားတဲ့ကိစ္စတွေမှာ ပြည်ထောင်စုဝန်ကြီး တွေတက်တယ်။ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌတက်တယ်။ စကားပြောတယ်။ အဲ့ဒါကိုမှ သူမမြင်စရာအကြောင်းမရှိ ဘူး။ ဝန်ထမ်းတွေ ဝန်းရံပြီးတော့ ပါတီ လုပ်ငန်းတွေ လုပ်တယ်။ UEC မမြင် စရာအကြောင်းမရှိဘူး။ အဲ့ဒီ့လိုဟာမျိုးကို ကြီးကြပ်၊ မင်းတို့ပါတီလုပ်ငန်းမလုပ် ရဘူးဆိုတာ ဘာလို့လုပ်သလဲ။ ကြီးကြပ် လိုက်ပါ။ ဝန်ကြီးကိုပြောလို့ အဆင်မပြေ ဘူးဆိုရင် သက်ဆိုင်ရာပါတီကို ပြောရ မယ်။ လုပ်တာက သက်ဆိုင်ရာပါတီက ဦးစီးလုပ်တဲ့ဟာကို ဥပဒေဘောင်ကျော် ပြီးတော့ သူတို့လာတယ်။ အဲဒီလို လုပ် တော့ ကျွန်တော်တို့ကနေပြီးတော့ နိုင်ငံ ရေးပါတီတွေကနေပြီး ပူးပေါင်းပြီး တင်ပြတယ်။ဒီတင်ပြမှုကျတော့ ဥပဒေနဲ့ ညီပါတယ်ဆိုတဲ့ သဘောသဘာဝဆန် သော အကြောင်းပြန်ကြားမှုမျိုးလုပ် တယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့က UEC သည် ဘက်လိုက်မှုရှိခြင်း မရှိခြင်း၊ စောစောတုန်းကမေးသွားတာရှိပါတယ်။
ရှိခြင်း မရှိခြင်းဆိုတာ ပထမအကြိမ် UEC နဲ့ အခု ဒုတိယအကြိမ် UEC ကို ပြန်နှိုင်းယှဉ်ကြည့်ပါ။ ကျွန်တော်တို့ အပိုမပြောပါဘူး။ လုပ်တိုင်း ကျွန်တော် တို့က UEC ကို တရားမမျှတပါဘူးလို့ ကျွန်တော်တို့က ထောက်နေတာ မဟုတ် ဘူး။ ပထမအကြိမ်ရဲ့ စံချိန်စံနှုန်း ရှိထား ပြီးသားပါ။ အခု ဒုတိယအကြိမ် ဘက် လိုက်မှုရှိ မရှိဆိုတဲ့ဟာ နောက် စောစော တုန်းကမေးတဲ့မေးခွန်းမှာဥပဒေနဲ့မညီတာ လား။ဘောင်ကျော်နေတာလားဆိုတာကို ကြီးကြပ်ရမယ့်ဟာနဲ့ ဝင်ရောက်စွက်ဖက် ရတာနဲ့ကွာခြားနေတဲ့ဟာလေးကို ကျွန် တော်တို့ ဒီဘက်ပိုင်းကနေပြီးတော့ ရှုမြင် တဲ့အတွက်ဒီအပေါ်မှာ အခုလိုရှင်းလင်းမှု တွေသေသေချာချာကျကျနန ရှင်းပြနေရ တယ်ဆိုတဲ့အကြောင်းရှင်းခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
MNTV
* ဆရာတို့ခုပြောလိုက်တဲ့သူများတွေ က လုပ်ပေးမယ်ဆိုတာမျိုးတွေ၊ မြို့ နယ်အဆင့်ပြောင်းပေးမယ် ဆိုတာမျိုး တွေအဲဒါမျိုးတွေကျတော့ ဆရာတို့ မှာသက်သေရှိလားဗျ။ သက်သေရှိ တယ်ဆိုလည်းဆရာတို့ဒါကိုဘာဖြစ် လို့ရွေးကောက်ပွဲကန့်ကွက်လွှာမတင် သလဲ။ခုထိကတော့ ယူအီးစီကိုမေး ကြည့်သလောက်တော့ကန့်ကွက် လွှာ တစ်စောင်မှရောက်မလာသေးဘူး။
ဦးသိန်းထွန်းဦး (ပြောရေးဆိုခွင့်ရှိသူ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
* မေးခွန်းမေးမြန်ပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။ ကျွန်တော်တို့ ဥပဒေနဲ့ အညီ စောင့်ကြည့်မှုတွေဆောင်ရွက်ပါ တယ်။ ခုနတုန်းက ယူအီးစီကိုတင်ပြ တိုင်ကြားမှု ရှင်းရှင်းပြောရရင် ကန့်ကွက် လွှာပေါ့နော်။ ရွေးကောက်ပွဲကန့်ကွက် လွှာပေါ့။ ရက်မပြည့်သေးပါဘူး။ လိုပါ သေးတယ်။ နောက်တစ်ချက်က လုပ်ပိုင် ခွင့်ရှိသောပုဂ္ဂိုလ်များဟာ ထိုဒေသမှာ အချိန်ကိုက်သွားရောက်ခဲ့တာ နိုင်ငံပိုင် မီဒီယာများမှာကြည့်ရင်လည်း သိနိုင်ပါ တယ်။ အမှန်တကယ်သွေးရိုးသားရိုးနဲ့ စေတနာအမှန်နဲ့သာဆိုရင် နိုင်ငံအဝန်း ဒေသအသီးသီးမှာ လိုအပ်ချက်တွေကို ရွေးကောက်ပွဲဝင်သည်ဖြစ်စေ၊ မဝင်သည် ဖြစ်စေ သွားရောက်ဆောင်ရွက်ကြရမှာ ပေါ့။ ထိုအချိန်ကျတော့မှ သက်ဆိုင်ရာ ဝန်ကြီးချုပ်ကလည်း အဲဒီဒေသကိုသွား တယ်။ ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲကြီး တွေလုပ်ပေးတယ်။ လမ်းတွေလုပ်ပေး တယ်။ လျှပ်စစ်တွေလုပ်ပေးပါ့မယ်ဆိုတဲ့ ကတိတွေခံခဲ့တယ်။သက်ဆိုင်ရာအနီးဆုံး ကဝန်ကြီးချုပ်တွေ၊ ဝန်ကြီးချုပ်ကတော် တွေကလည်းပဲ အဲဒီဒေသမှာသွားပြီး ဝိုင်းဝန်းဆောင်ရွက်ခဲ့တာလည်း အားလုံး ကြားသိကြမှာဖြစ်ပါတယ်။ သက်သေရှိ ခြင်း၊ မရှိခြင်းက ငွေရောင်ပိတ်ကားပေါ် မှာခဏလေးစောင့်ကြည့်လိုက်ပါ။ရက် မပြည့်သေးပါဘူး။ကျေးဇူးတင်ပါတယ်။