images
UN
UN
နိုင်ငံရေးပါတီတွေ အားကောင်းမောင်း သန်ဖြစ်အောင် ရှင်သန်ဖွံ့ဖြိုးအောင်ပံ့ပိုး ရမယ့်အစား နိုင်ငံရေးပါတီတွေကို တစ်ခု ပြီးတစ်ခု တစ်ပါတီပြီးတစ်ပါတီ ပျက်သုဉ်းသွားအောင် ဆောင်ရွက်နေသလား
သတင်းအဖွဲ့ Sunday, 02 December 2018
ရန်ကုန် ဒီဇင်ဘာ ၂
ရန်ကုန်မြို့ သံလွင်လမ်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(ရန်ကုန်)တွင် နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီက နိုင်ငံရေးပါတီများ စုပေါင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။ အဆိုပါစုပေါင်းသတင်းစာရှင်းလင်းပွဲသို့ သတင်းမီဒီယာ ၃ဝ ခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသည့်သတင်း မီဒီယာများ၏မေးမြန်းမှုများကို သက်ဆိုင်ရာနိုင်ငံရေးပါတီတို့မှ တာဝန်ရှိသူများ၏ပြန်လည်ဖြေကြားမှုများကို ဖော်ပြအပ်ပါသည်။

RFAမီဒီယာ
* ဒီသတင်းကို ရေးသားလိုက်တဲ့ဟာ က Myanmar Nowကနေပြီး ရေး သားပြီးတော့ ဒါဖြစ်လာတဲ့ကိစ္စပေါ့ နော်။ ဆရာပြောသလိုမှန်မှန်ကန်ကန် ဥပဒေအရ ဆက်လက်ဆောင်ရွက် သွားမယ်ဆိုတော့ အကယ်၍ ဆရာ တို့ဘက်က မှန်ကန်ခဲ့ရင်သော်လည်း ကောင်း၊ တစ်ခုခုချို့ယွင်းချက်ကြောင့် မှားခဲ့ရင်သော်လည်းကောင်းMyan-mar Now နဲ့ပတ်သက်ပြီးတော့ရော သတင်းရေးသားမှုနဲ့ ပတ်သက်ပြီး တော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဘာ လုပ်ဖို့ရှိလဲ။
ဦးပိုက်ထွေး(ဗဟိုအတွင်းရေးမှူး)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
* လောလောဆယ်တော့ ကျွန်တော်တို့ ဒါကိုတော့ အချိန်ကို စောင့်ကြည့်ဦး
မှာပေါ့ဗျာ။ ရလဒ်အဖြေကို စောင့်ကြည့် မယ်။ လောလောဆယ်တော့ ကျွန်တော် တို့ ဘာလုပ်မယ်ဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ စောပါသေးတယ်။
Frontier Myanmar
* ယူအီးစီကစာပို့တယ်ဆိုတာ NLD ဘက်ကတိုင်ကြားတာလား။ ဘယ်လို ပုံစံမျိုး စာပို့တယ်လို့သိရတာလဲ။ ယူအီးစီဘက်ကိုရော ဘယ်တုန်းက စာပြန်ပို့ခဲ့တာလဲ သိချင်ပါတယ်။
ဦးပိုက်ထွေး(ဗဟိုအတွင်းရေးမှူး)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
* တို့ကြေညာချက်ထုတ်ပြန်တယ်ဆိုတဲ့ စာကလေ တို့ကအကုန်လုံးသိအောင်
ပြည်ထောင်စုနေ့စဉ်သတင်းစာမှာလည်း ထည့်တယ်။ တို့ဆောင်ရွက်ချက်တွေကို။နောက်social media လူမှုကွန်ရက် ဖြစ်တဲ့facebook မှာလည်းတင်တယ်။ဒါ့အပြင် ယူအီးစီကညွှန်ကြားလို့နိုင်ငံရေး ပါတီတွေကတစ်ပါတီချင်းဖြစ်စေ၊နိုင်ငံ ရေးပါတီများပူးတွဲ၍ဖြစ်စေ သဘော ထားကြေညာချက်ထုတ်ပြန်လို့ရှိရင် အဲဒီ သဘောထားကြေညာချက်ကို ယူအီးစီ ကိုပေးပါဆိုလို့ ဒီ ၂၇ ပါတီရဲ့ကြေညာ ချက်ကို ယူအီးစီကိုပေးခဲ့တာ။ယူအီးစီကို ပေးပြီးတဲ့အခါမှာ ပါတီနှစ်ခုအတွင်းမှာ မပြေလည်မှုလေးတွေဖြစ်ပြီး တိုင်ကြား တာလေးတွေဖြစ်သွားတယ်။ အဲဒီနှစ် ပါတီဖြစ်တဲ့အပေါ်မှာ ကျန်တဲ့ပါတီတွေ ကို အကြောင်းကြားစာထွက်လာတာဖြစ် တယ်။ တကယ်တော့ နှစ်ပါတီဖြစ်ရင် အဲဒီနှစ်ပါတီကိုပဲ အကျိုးအကြောင်းမေး သင့်တာပေါ့။ ဒါ့အပြင် ပါတီတစ်ခုက ဆိုရင်သူက ဥက္ကဋ္ဌကိုယ်စားဆိုပြီး သူက လက်မှတ်ထိုးတာ ဒုဥက္ကဋ္ဌက ဥက္ကဋ္ဌ ကိုတိုင်တာ။ ကျွန်တော်တို့ လေ့လာမိ သလောက်ဆိုရင် သူတို့ပါတီဗဟိုအလုပ် အမှုဆောင်မှာ ရှစ်ယောက်၊ ရှစ်ယောက်စီ ရှိတယ်။
အဲဒီတော့ သူတို့ချင်းတစ်ယောက် နဲ့တစ်ယောက်အားပြိုင်ပြီး သူတို့ ပါတီ တွင်းမှာ အဆင်မပြေမှုဖြစ်တာကို တကယ် သာ ရိုးရိုးရှင်းရှင်းလေးတွေးကြည့်ရင် ဥက္ကဋ္ဌလည်းလာ။ တိုင်တဲ့ဒုဥက္ကဋ္ဌလည်း လာ။ မင်းတို့တစ်ယောက်နဲ့တစ်ယောက် ဒီလိုဖြစ်နေတယ်ဆို ဘာဖြစ်တာလဲကွာ သူမေးလိုက်ပေါ့။ အဲဒီမှာ သူရှင်းလို့ ရတာပဲ။ အဲဒီပါတီနှစ်ခုကိုခေါ်တွေ့ပြီး ရှင်းလိုက်။ နောက်တစ်ပါတီဆိုလည်း ဒီ အတိုင်းပဲ။ ဖြစ်ပြီးရင် နောက်ဒီလိုမလုပ် နဲ့ ဒါမျိုးမဖြစ်သင့်ဘူး။ ဒီလိုပြောရမှာ။နောက်ထပ်ပြီး ရိုးရိုးရှင်းရှင်းတွေးရင် ဒီမှာတော့ ဒီလိုဖြစ်နေပြီ။ နောက်ကျန်တဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ဒီလိုမဖြစ် အောင်သတိပြုဆင်ခြင်ကြပါ။ လုပ်မယ် ကိုင်မယ်ဆိုလည်း မိမိပါတီအတွင်းမှာ သဘောထားတွေရယူပြီးတော့မှ ညီညီ ညွတ်ညွတ်နဲ့ဆောင်ရွက်ကြပါဆိုလည်းဖြစ် တာပဲလေ။ အဲဒီတော့ ခုဟာက ကြီးတဲ့ အမှုငယ်စေ၊ ငယ်တဲ့အမှုပပျောက်၊ အပြု သဘောအကောင်းမြင်၊ ခုနအမျိုးသား ရင်ကြားစေ့ရေးတို့၊ ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးပါတီတွေ အားကောင်းမောင်း သန်ဖြစ်အောင် ရှင်သန်ဖွံ့ဖြိုးအောင်ပံ့ပိုး ရမယ့်အစား နိုင်ငံရေးပါတီတွေကို တစ်ခု ပြီးတစ်ခု၊ တစ်ပါတီပြီးတစ်ပါတီ ပျက် သုဉ်းသွားအောင် ဆောင်ရွက်နေသလား ဆိုတဲ့ ယုံမှားသံသယတွေဖြစ်လာနိုင်တဲ့ အခြေအနေကိုစိုးရိမ်လို့ပြောတာ။ တို့က စက်တင်ဘာ ၃ဝ ရက်နေ့မှာ နိုင်ငံရေး ပါတီ ၂၇ ပါတီရဲ့ ပူးတွဲသဘောထား ထုတ်ပြန်ချက်ထုတ်လိုက်တယ်။ အဲဒီ အပေါ်မှာသူက အောက်တိုဘာ ၁၈ ရက် နေ့မှာ နိုင်ငံရေးပါတီ ၂၇ ပါတီကို အကြောင်းကြားစာပို့ပြီးတော့မှ ဗဟို အလုပ်အမှုဆောင်အဖွဲ့ သဘောတူညီ ချက်ပါမပါမေးတယ်။ အဲဒီမေးတဲ့အပေါ် မှာ နိုင်ငံရေးပါတီတွေက ဒါဟာလုပ်ပိုင် ခွင့်ရှိမရှိနဲ့ နိုင်ငံရေးပါတီတွေနဲ့ ယူအီးစီ ကြားမှာ ပြေပြေလည်လည်နဲ့ညှိညှိနှိုင်း နှိုင်းဖြစ်အောင် တွေ့ဆုံခွင့်ပေးပါဆိုပြီး အကြောင်းပြန်လိုက်တယ်။ အကြောင်း ပြန်လိုက်တဲ့အပေါ် သူတို့ကတစ်ခါ နိုဝင် ဘာ ၁၂ ရက်နေ့မှာ သူကထပ်ပြီးတော့မှ ကိုယ်တို့တောင်းဆိုတဲ့တွေ့ဆုံဆွေးနွေးမှု ကိုဘာမှအကြောင်းမပြန်ဘဲနဲ့ သူတို့လိုချင် တဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ သဘောထားပါမပါ၊ အစည်းအဝေးမှတ် တမ်းရှိမရှိထုတ်တာ။ အဲ့လိုဖြစ်တာ။
RFA မီဒီယာ
* ခုနက နှစ်ပါတီဆိုတဲ့ ဥစ္စာက အဲဒီနှစ် ပါတီက အခုလက်ရှိ ၂၇ ပါတီထဲက ပဲလား။ အဲ့ဒီ ၂၇ ပါတီထဲမှာပဲ ပါဝင် တဲ့ပါတီပေါ့နော်။ နာမည်ကတော့ ဆရာတို့လည်း ပြောချင်မှာမဟုတ် ဘူးပေါ့။ နာမည်ပြောလို့ရရင်လည်း ပြောပေးပေါ့။ အဲ့ဒီပါတီကိုရော ဒီ ၂၇ ပါတီ အဖွဲ့အစည်းထဲကနေပြီး တော့ ဘယ်လိုပုံစံ ဆက်လက်လုပ် ဆောင်သွားမလဲပေါ့။ အဲ့ဒါလေး သိချင်ပါတယ်။
ဦးလှသိန်း(ဗဟိုအလုပ်အမှုဆောင်)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
* ဘာမှ မရှိပါဘူး။ သူတို့ပါတီတွင်း ကိစ္စဖြစ်တဲ့အတွက်ကြောင့် သူ့ပါတီ
သူရှင်းပဲ။ ပါတီအနေနဲ့ UEC က ဘာမှ အရေးယူမှုမရှိမချင်း တို့တွေနဲ့လာရောက် ဆက်ဆံခဲ့တဲ့ဟာက ဒီအတိုင်းပဲ။ ပုံမှန် နေမြဲပါပဲ။ ပုံမှန်ဆက်ဆံရေးပါပဲ။
RFA မီဒီယာ
* ပါတီနာမည်တော့ ပြောဖို့ အဆင် မပြေဘူးလား။
ဦးပိုက်ထွေး(ဗဟိုအတွင်းရေးမှူး)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
* တို့က ကျင့်ဝတ်ထိန်းတာပါ။တကယ် တော့ အဲ့ဒီဟာကို ပွင့်ပွင့်လင်းလင်း
ပြောရရင် အဲ့ဒီဟာကို အဲ့ဒီရွေးကောက် ပွဲကော်မရှင်ကနေပြီးတော့ ပြန်ကြားရေး ဝန်ကြီးဌာနပို့ပြီးတော့ နိုင်ငံပိုင်မီဒီယာမှာ ကြေညာလိုက်ပြီ။တကယ်တော့ အဲ့ဒါသည် ပါတီအတွင်းရေးကိစ္စတွေက သူတို့ ဒီလို ထိအောင် အကျယ်ကျယ်လုပ်ဖို့စဉ်းစားဖို့ သင့်တာပေါ့။ တို့ကတော့ ပြောဖို့အတွက် စဉ်းစားချင့်ချိန်လို့ပါ။UEC ကတော့ နိုင်ငံပိုင် မီဒီယာကနေပြီးတော့တောင် ကြေညာပြီးပါပြီ။
ကျေးဇူးတင်ပါတယ်။