images
UN
UN
ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်ရှိ မြို့နယ်တရားရုံးဝန်ထမ်းအိမ်ရာတွင်ခိုးမှုဖြစ်ပွား
နိုင်နိုင်(မွန်) Monday, 03 December 2018
မွန်ပြည်နယ် ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက် မြို့နယ်တရားရုံးဝန်ထမ်း အိမ်ရာနေ ဦးကျော်ဇေယျာထွန်း (၂၇ နှစ်) (အငယ်တန်းစာရေး၊ ကျိုက်ထို မြို့နယ်တရားရုံး)သည် ယမန်နေ့ ညနေ ၄ နာရီခွဲက ကျိုက်ထိုမြို့မရဲစခန်း သို့ ရောက်ရှိလာပြီး ၄င်း၏ဆိုင်ကယ်ခိုးယူခံရမှုအား တိုင်တန်းခဲ့သဖြင့် ရဲစခန်းမှ (ပ)၈၄ဝ/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈ဝ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဦးကျော်ဇေယျာထွန်းသည် ၄င်းပိုင်ဆိုင်သောDream၁၂၅ အမျိုးအစား အစိမ်းရောင်ဆိုင်ကယ်အမှတ် ၂၇ယ/ ၈၁၁၁၁ ကို ဝန်ထမ်းအိမ်ရာအနောက်ဘက် တံစက်မြိတ်အောက် တွင်ဇက်သော့ခတ်၍ သိမ်းဆည်းခဲ့ပြီး ညအိပ်ရာဝင်ခဲ့ကြောင်း၊ ယင်းနောက် နံနက် ၈ နာရီတွင် ဆိုင်ကယ်အားသွားရောက်ကြည့်ရှုရာ ဆိုင်ကယ်မှာပျောက်ဆုံးနေပြီး ရုံးဝင်း အဆောက်အအုံကာရံထားသော ခြံစည်းရိုးနှင့်သံဆန်ခါမှာ ပျက်စီးနေသည် ကို မြင်တွေ့ခဲ့ရသဖြင့် တိုင်တန်းခြင်းဖြစ်ကြောင်း သိရသည်။