images
UN
UN
ကျေးရွာအတွင်းအရက်သောက်ပြီး ဓားကိုင်သောင်းကျန်းသူကို ဖမ်းဆီးအရေးယူ
ကျော်ဆန်းမြင့် Monday, 03 December 2018
ရန်ကုန် တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ပန်းတော ကျေးရွာတွင် ယခုလ ၁ရက်ညနေ ၅နာရီကလူတစ်ဦးအရက်မူးပြီး ဓား ကိုင်သောင်းကျန်းနေကြောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ကျောက်တန်း မြို့မရဲစခန်းသို့ဖုန်းဆက်အကြောင်း ကြားမှုကြောင့် ကျောက်တန်းမြို့မ ရဲစခန်းမှနယ်ထိန်းအရာရှိ ရဲအုပ် ခိုင်ဝင်းဦးဆောင်သောရဲတပ်ဖွဲ့ဝင် များသည် အခင်းဖြစ်ရာနေရာသို့ သွားရောက်ခဲ့သည်။
အခင်းဖြစ်ရာနေရာတွင်တင်ကို အား လမ်းမပေါ်တွင်အရက်သေ စာသောက်စားထားပြီး မူးယစ်ရမ်း ကားနေသည်ကိုတွေ့ရှိရပြီး ၄င်း လက်ထဲတွင် ပီနံအိတ်ခွံအဖြူရောင် ဖြင့်ပတ်လျက် အရိုးအသွား ၃၁ လက်မခန့်ရှိသော သစ်သားရိုးတပ် ငှက်ကြီးတောင်ဓားတစ်ချောင်း ကိုင်ထားသည်ကိုတွေ့ရှိရသဖြင့် သက်သေများရှေ့တွင် ဓားအားရှာ ဖွေ ပုံစံဖြင့်သိမ်းဆည်းပြီး တရားခံ တင်ကို (၄၈နှစ်) အနောက်စက် ကုန်း ပန်းတောကျေးရွာ ကျောက် တန်းမြို့နေသူအား ကျောက်တန်း မြို့မရဲစခန်းမှ (ပ)၄၄၆/၂ဝ၁၈၊ ပုဒ်မ၁၉(င)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။