images
UN
UN
ပေါင်မြို့တွင် မီးလောင်မှုဖြစ်ပွား
နိုင်နိုင်(မွန်) Monday, 03 December 2018
မွန်ပြည်နယ် ပေါင်မြို့ မိုးနိုင်း ရပ်ကွက် နယ်ခြားရပ်နေဒေါ်လှမြင့် (၆ဝနှစ်)သည် ယမန်နေ့ မွန်းလွဲ ၁ နာရီက နေအိမ်တွင် မြေးဖြစ်သူ မောင်ထူးထူးအောင် (ငါးနှစ်)အား တစ်ဦးတည်းထားခဲ့ပြီး တစ်ရပ် ကွက်တည်းနေ မပန်းအိဖြူ၏ နေ အိမ်သို့ အလည်သွားစဉ် မောင်ထူး ထူးအောင်မှာ နေအိမ်ရှိဂက်စ်မီးခြစ် အား ဆော့ကစားရာမှ အိမ်နောက် ဖေးတွင် ကာရံထားသည့်ဖက်များ မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်း ခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှု ကြောင့် နေအိမ်နောက်ဖေးခန်း အနည်းငယ်မီးလောင်ခဲ့ကာဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးအနည်းငယ်သာရှိခဲ့ ပြီး လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ် ရာရရှိမှုမရှိကြောင်း၊ မီးလောင် ရာသို့ ပေါင်မြို့မရဲစခန်းမှ ရဲတပ် ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး မှူးနှင့်အဖွဲ့ဝင်များ၊ ကျေးရွာနေ ပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ် နိုင်ခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက် ၍ ပေါင်မြို့မရဲစခန်းမှ ဒေါ်လှမြင့် အပေါ်(ပ)၅၆၆/၂ဝ၁၈၊ ရာဇသတ် ကြီး ဥပဒေပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။