images
UN
UN
ငွေပေးချေသည့်ဝန်ဆောင်မှုများပေးမည့် မလေးရှားကုမ္ပဏီမြန်မာဈေးကွက်သို့ ဝင်ရောက်မည်
NG Monday, 03 December 2018
ငွေပေးချေမှုများပြုလုပ်ရာ တွင် ငွေကြေးများကို ကိုင်တွယ် ၍ ကိုယ်တိုင်သွားရောက်ပေးချေ ရန် မလိုအပ်ဘဲ ဘဏ်များနှင့်ချိတ် ဆက်ကာ ငွေပေးချေမှုများ ပြုလုပ် ပေးသည့်ဝန်ဆောင်မှုများ ပေးအပ် မည့် မလေးရှားအခြေစိုက်Revenue Group သည် မြန်မာဈေး ကွက်သို့ ဝင်ရောက်ကာ ဝန်ဆောင် မှုများပေးအပ်ရန် ပြင်ဆင်လျက်ရှိ ကြောင်း စတားအွန်လိုင်းသတင်း ဌာနက ဖော်ပြသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကျင်းပခဲ့သောRevenue Gr-oup ၏ နှစ်ပတ်လည်အခမ်းအနား တွင် ကုမ္ပဏီ၏အမှုဆောင်အရာရှိ ချုပ်က မြန်မာနိုင်ငံအတွင်း၌ ငွေ ပေးချေသည့်ဝန်ဆောင်မှုများ ပေး အပ်နိုင်ရန်အတွက် တရားဝင်ခွင့်ပြု ချက်ရရှိအောင် စောင့်ဆိုင်းလျက်ရှိ ကာ ခွင့်ပြုချက်ရရှိပြီးလျှင် မြန်မာ နိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လာမည့်နှစ်ဆန်းပိုင်းခန့်တွင် မြန်မာ ဈေးကွက်အတွင်း၌ ဘဏ်များနှင့် ချိတ်ဆက်ထားသော ငွေပေးချေမှု နှင့်ဆိုင်သည့် ဝန်ဆောင်မှုများကို စတင်ပေးအပ်နိုင်မည်ဟု ရည်မှန်း ထားကြောင်း ပြောသည်။Revenue Group သည် အွန်လိုင်းမှ တစ်ဆင့် ငွေပေးချေသည့် ဝန် ဆောင်မှုများအား ပေးအပ်ခဲ့ရာတွင် ယခုနှစ်အတွင်း၌ အသားတင် အမြတ်ရရှိမှုအခြေအနေမှာ ပြီးခဲ့ သည့်နှစ်ကထက် မြင့်တက်လာခဲ့ ပြီး ရင်းဂစ် ခုနစ်သန်းကျော်ရှိ ကြောင်း အတည်ပြုထားသည်။