images
UN
UN
ရည်းစားအားဓားဖြင့်ထိုးသတ်သည့် တက္ကသိုလ်ကျောင်းသားကို ထောင်ဒဏ်နှစ် ၂ဝ အမိန့်ချ
Dawei Watch Monday, 03 December 2018
ထားဝယ်မြို့ဆန်းချီရပ်ကွက်တွင်ရည်းစားဖြစ်သူအားဓားဖြင့် အချက်ပေါင်းများစွာထိုးသတ်ခဲ့သည့် တက္ကသိုလ်ကျောင်းသားကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂ဝကျခံစေရန် နိုဝင်ဘာ ၃ဝ ရက်ကအမိန့်ချခဲ့ကြောင်း ထားဝယ်ခရိုင်တရားရုံးမှသိရသည်။
ယင်းအမှုမှာ ထားဝယ်မြို့ ဆန်းချီရပ်ကွက် ကျွန်းမွှေးလမ်းရှိ နေအိမ်တွင် ယခုနှစ်ဇန်နဝါရီက အိမ်ပေါ်တက်ကာ ရည်းစား ဖြစ်သူမိန်းကလေးအား ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ သည့်အမှုဖြစ်သည်။
အသက်(၂၃နှစ်)အရွယ်ရှိ မိန်းကလေးကို အသက်(၁၉နှစ်) အရွယ်ရှိရည်းစားဖြစ်သူ ရဲပိုင်ဦး(ခ)ရဲရဲက သတ်ခဲ့ခြင်းဖြစ်သည်။
ရဲပိုင်ဦး(ခ)ရဲရဲမှာ ထားဝယ်မြို့ ရှမ္မလည်ဆွဲရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ထားဝယ်တက္ကသိုလ်တွင် သင်္ချာဘာသာ တတိယနှစ်တက်ရောက်သင်ကြားနေသည့် တက္ကသိုလ်ကျောင်း သားတစ်ဦးဖြစ်ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြသည်။ ''ပြစ်မှု ထင်ရှားတဲ့အတွက် အမိန့်ချလိုက်တာ''ဟု ထားဝယ်ခရိုင် တရားသူကြီးကပြောသည်။
အဆိုပါအမှုကို ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃ဝ၂(၂) အရ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ¤င်းကပြောသည်။
ရည်းစားဖြစ်သူမိန်းကလေးအား သတ်သွားသည့် အဆိုပါ အမျိုးသားကို အခင်းဖြစ်ပွားပြီး အချိန် နှစ်နာရီခန့်အတွင်း ဖမ်းဆီးရမိပြီး ဖေဖော်ဝါရီလတွင် စတင်တရားစွဲတင်ခဲ့သည်။
သေဆုံးသည့် မိန်းကလေးသည် နောက်ကျောတွင် ထိုးသွင်း ဓားဒဏ်ရာ၊လက်ကောက်ဝတ် သွေးလွှတ်ကြောကိုဓားဖြင့်ဖြတ် ထားသည့်ဒဏ်ရာ အစရှိသည့်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။