images
UN
UN
မြန်မာအမျိုးသမီးများအကြောင်း သိကောင်းစရာများအသိပညာပေးဟောပြော
ဖုန်ကန်(ပူတာအို) Tuesday, 04 December 2018
ကချင်ပြည်နယ် ပူတာအိုမြို့ တွင် ခရိုင်၊ မြို့နယ်အမျိုးသမီးရေး ရာအဖွဲ့ကကြီးမှူး၍ မြန်မာအမျိုး သမီးများအကြောင်းသိကောင်းစရာ များ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁ဝ နာရီက ပူတာအို မြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်အမျိုး သမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်မင်းမင်း ထွေးက မြန်မာအမျိုးသမီးရေးရာ အဖွဲ့ချုပ်အကြောင်းသိကောင်းစရာ များကိုဟောပြောခြင်းနှင့် ကျောင်း သူများအားအဖွဲ့ဝင် ရင်ထိုးတံဆိပ် တပ်ဆင်ပေးခဲ့ကြပြီး ခရိုင် အမျိုး သမီးရေးရာအဖွဲ့ အဖွဲ့ဝင်ဒေါ်ခင်ပပ စိုးက အမျိုးသမီးများအား အကြမ်း ဖက်မှုမှကာကွယ်ရေး၊လူကုန်ကူးမှု တားဆီးကာကွယ်ရေးအကြောင်းများ ကိုအသိပညာပေးဟောပြောသည်။
ဆက်လက်၍ ခရိုင်အမျိုးသမီး ရေးရာအဖွဲ့အဖွဲ့ဝင် ခရိုင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်စန်းယုမော် က အမျိုးသမီးငယ်များ မြန်မာ့ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့် ရှောက်ရေးအကြောင်း သိကောင်း စရာများဟောပြောပြီး ခရိုင်အမျိုး သမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်စွဲ့ကြာဆွမ်က စည်းကမ်းထိန်း သိမ်းရေးအကြောင်း အသိပညာ ပေးဟောပြောသည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ကွမ်းစား ခြင်း၏ ဆိုးကျိုးများနှင့်ဖြစ်ပွား နိုင်သော ရောဂါများအကြောင်း၊ လူကုန်ကူးမှုနှင့်လူမှောင်ခိုမှု၊ အေး ချမ်းသာယာပြည်မြန်မာအသိပညာ ပေး နံရံကပ်နှင့် ဓာတ်ပုံများကို ပြသခဲ့ကြပြီး နံရံကပ်နှင့်ဓာတ်ပုံ ပြသနေမှုများကို ကျောင်းသူ များက ကြည့်ရှူအားပေးကြရာ ဝန်ထမ်းများက လိုက်လံရှင်းလင်း ပေးခဲ့ကြောင်း သိရသည်။