images
UN
UN
ယုန်ရုပ်ရေးပြသော်လည်း ယုံရခက်ကြီးပါ နယ်ချဲ့ကျားငစဉ်းလဲနှင့် ဘာသာချဲ့မိကျောင်းတို့ကိုယုံမိ၍ပုံအပ်လျှင် သေပြီသာမှတ်
တက္ကသိုလ်မြတ်သူ Tuesday, 04 December 2018
မာမာအေးသီဆိုထားသော သီချင်း တစ်ပုဒ်တွင် 'ယုန်ရုပ်ရေးပြသော်လည်း ယုံရခက်ကြီးပါ' ဟူသောစာသားကို မကြာ ခဏ သီဆိုညည်းတွားနေမိတတ်သည်။ လူမသမာများက သူတို့ပြောဆိုနေသော မုသားစကားများကို ယုံကြည်ကြပါဟု သင်္ကေတအားဖြင့် ယုန်ကလေးတစ်ကောင် ပုံရေးပြလေ့ရှိကြသည်။ လူမသမာ၏မုသား စကားဖြစ်၍ ယုန်ရုပ်ရေးပြရုံဖြင့် သူပြော သော မမှန်မကန်စကားကို ယုံ၍မဖြစ်ပါ။ ယုန်ရုပ်ကိုရေးဆွဲပြရာ၌နားရွက်ချွန်ရှည်ရှည် နှစ်ခုထောင်နေသည့် 'ယုန်'သည်ယပလက်၊ တစ်ချောင်းငင် နသတ်ဖြင့် ယုန်ပါသည်။ ယုံသည်၊ ယုံကြည်သည်ဆိုသော 'ယုံ'မှာမူ ယပလက်တစ်ချောင်းငင် သေးသေးတင် (နိဂ္ဂဟိတ်)ဖြင့် ယုံပါသည်။ မြန်မာစာကို ခြေခြေမြစ်မြစ်တတ်ထားလျှင် 'ယုန်'နှင့် 'ယုံ'အဓိပ္ပာယ်ချင်းမတူကွဲပြားခြင်းအဓိပ္ပာယ် ချင်းလည်း ကွဲပြားခြားနားကြောင်း သိပါ သည်။
ယနေ့ပြည်ပမှ ကမ္ဘာကျော် နယ်ချဲ့ နိုင်ငံများမှ ပါးစပ်ပေါက်များ ယင်းတို့၏ မီဒီယာ (စာနယ်ဇင်း၊ ရေဒီယို၊ ရုပ်သံ၊ စာအုပ်စာတမ်း၊ရုပ်ရှင်၊ တေးသီချင်း၊ ဇာတ် ထုပ်စသည်) များက ရိုးလွန်းအလွန်းသော နိုင်ငံများမှ ပြည်သူလူအများကို နေ့စဉ် ညစဉ် ယုန်ရုပ်ရေးပြနေကြပါသည်။ မြန်မာ တို့သည် ယုန်ကလေးများကို ချစ်စဖွယ် တိရစ္ဆာန်လေးများအဖြစ် ချစ်ပါသည်။ မြန်မာ ကလေးများသည် 'ရွှေယုန်နှင့် ရွှေကျား သက်ငယ် (သက္ကယ်) ရိတ်သွား သော ဒဏ္ဍာရီပုံပြင်'များဖြင့် ကြီးပြင်းလာ ကြသူများ ဖြစ်သည်။ ကလေးကဗျာများ ထဲမှ 'ယုန်ကလေးက နားရွက်ထောင် ပညာရှိယောင်ယောင်၊ ကြောင်ကလေးက ဗေဒင်တွက်ဖမ်းလိုက်ရတဲ့ြ<ွကက်' ဟူသော ကဗျာကို မြိန်ယှက်စွာ ရွတ်ဆိုလေ့ရှိကြပါ သည်။ ယုန်ကလေးသည် ချစ်စရာကောင်း သော်လည်း ပညာရှိအစစ်မဟုတ်ပါ၊ ပညာ ရှိယောင်ယောင် ထင်မှတ်မှားစာဖွဲ့ ရွတ် ဆိုနေကြရခြင်း ဖြစ်ပါသည်။
အထက်အညာဒေသများတွင် တောစပ် စပ်၊ တောင်စပ်စပ် နေရာများမှ ချုံပုတ်များ တွင် ယုန်ကလေးများ နေထိုင်လေ့ရှိပါ သည်။ ညဘက် ယုန်မုဆိုးများကဆိုင်ကယ်၊ ဆိုက်ကားများတွင် ညဘက်ချိတ်ဆွဲမီးထွန်း သော မီးခွက်များကို ကျားမီးအိမ်ဟုခေါ် ကြသည်များကို ကိုင်ကာ ညဘက်ယုန်များ ရှိရာသို့ သွားကြပါသည်။ ထိုမီးအိမ်ငယ် မှ မီးရောင်ကို မြင်လျှင် ယုန်ကလေးများ ထွက်လာပြီး မီးအိမ်မှ မီးရောင်ကို တအံ့ တသြ၊ တရှိုက်မက်မက် ငေးကြည့်နေလေ့ရှိ ပါသည်။ ညဘက် မီးထွန်းမောင်းသော ကားများရှေ့လမ်းပေါ်တွင်လည်း ယုန်က လေးတို့ မီးရောင်ရပ်ကြည့် ငေးမောနေသည် ကို တွေ့ရပါသည်။ ကျားမီးအိမ်ကို ထွက် ကြည့်သော ယုန်ကလေးများ အနီးရောက် လာလျှင် ယုန်မုဆိုးတို့က ကွိခနဲ (အသေ ဖမ်း၊ အရှင်ဖမ်း) ဖမ်းကြပါသည်။
ယုန် ကလေးများသည် လူတို့က လှည့်စားဖမ်း ဆီးသည်ကို အလွယ်ခံယူတတ်ပါသည်။ ပညာရှိများတော့ မဟုတ်ရှာကြပါ။ 'ပိုးဖလံ မျိုး မီးကိုတိုး ကိုယ်ကျိုးနည်းလှပြီ' ဟူ သော ဆိုရိုးအတိုင်း ညဘက်မီးရောင်ရှိရာ နေရာ၊ အရာဝတ္ထုတို့ကို အတောင်ညောင်း ပြုတ်ကျ သေဆုံးသည်အထိ မိုက်မဲစွာ မီးရောင်ကို ရွှေရောင်ထင်မှတ်မှားသော ပိုးဖလံလေး (မီးပိုးလေး)များ၊ ယုန်ကလေး များသည် အသိဥာဏ်မဲ့၍ ဘဝဆုံးနေကြရ ပါသည်။ ဘဝဆုံးသမှ မိမိတို့၏ မိုက်မဲ သော ဆန္ဒဖြင့် ကိုယ့်ဒုက္ခကိုယ်ရှာနေကြပါ သည်။
ယုန်ကလေးများသည် မုန်လာဥကို ကြိုက်ကြသည်။ ယုန်ကလေးများကို မုန် လာဥ၊ မုန်လာဥနီကျွေးလျှင် အလွန်ကြိုက် ကြသည်။ ယုန်ကလေးများ၏ အကြိုက် မုန်လာဥပြပြီး ခေါ်ယူလိုက်၊ ကျန်လက်တစ် ဖက်တွင်ကိုင်ထားသော တုတ်(ဒုတ်)ဖြင့် ယုန်ကလေးကို ရိုက်လိုက်လုပ်စားနေသော လူမသမာများအတွက် စကားပုံတစ်ခု ဖြစ် လာ၏။
Carrot and Stick 'မုန်လာဥ တစ်ဖက် တုတ်တစ်ဖက်'ဟူ၍ဖြစ်ပေ သည်။ မြန်မာစကားဆိုရိုးများတွင်လည်း ''မီးစတစ်ဖက် ရေမှုတ်တစ်ဖက်''ဟူ၍ ဖြစ်ပါသည်။ ယနေ့နျူကလီးယားလက် နက်အင်အား စစ်အင်အားကြီးနိုင်ငံများ၊ အင်အားသုံးကျူးကျော်နယ်ချဲ့နိုင်ငံများ သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ဖွံ့ဖြိုးမှုနည်း သောနိုင်ငံများ၊ ရိုးလွန်း၊ အ လွန်းသော နိုင်ငံများအပေါ် အထက်ဖော်ပြပါမုန်လာဥ တစ်ဖက်၊ တုတ်တစ်ဖက်မူဝါဒကိုင်စွဲပြီး ဒုက္ခပေးနေပေသည်။
ကမ္ဘာ့နိုင်ငံအများစုကြီးသည် ကိုလိုနီ ကျွန်ဘဝတွင် နှစ်ပေါင်းရာချီနေခဲ့ရသည်။ ပညာရေးချိုးဖဲ့ခံရသည်။ တွေးတော၊ ဆုံးဖြတ်၊ သုံးသပ်ကာ လွတ်လပ်စွာ ပြော ဆိုတင်ပြခွင့်၊ ဆန္ဒဖော်ထုတ်ခွင့် ပိတ်ဆို့ခံခဲ့ရ သည်။ ကမ္ဘာစစ်ကြီးနှစ်ခုဒဏ်မချိမဆံ့ခံခဲ့ ကြရသည်။ အရင်းရှင်စက်မှုနိုင်ငံများ လက် လွန်ခြေလွန်လုပ်မှုကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာ့စီးပွားပျက်ဒဏ်များကို အကြိမ်ကြိမ် ကြားဝင်ခံခဲ့ကြရသည်။ ပြည်တွင်းစစ်၊ ဒေသစစ်၊ နယ်ချဲ့ကျူးကျော်စစ်ဒဏ် အလူးအလဲခံရသည်။
ခံရပါများသောအခါ ပျော့ညံ့ညံ့၊ ရိုးအအနိုင်ငံများသည် နယ်ချဲ့ တို့ကို မျက်နှာချိုသွေး၊ သြဇာခံ၊ တပည့်ခံ ပြီး ကျေးဇူးခံများဖြစ်လာကြပေသည်။ ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးနည်းနိုင်ငံများစွာသည် နယ်ချဲ့တို့ထံမှ ထိုက်သင့်သောအကျိုးအမြတ် ရလို၍ နယ်ချဲ့တို့လုပ်သမျှ ထောက်ခံ(မဲ ပေး)လာကြသည်။ မိမိအလှည့်မဟုတ်သမျှ၊ အခြားမိမိတို့ဘဝတူနိုင်ငံများအပေါ် အင် အားသုံးနယ်ချဲ့တို့၏ ကြီးနိုင်ငယ်ညှဉ်းမူဝါဒ ဖြင့် ဒုက္ခပေး၊ နှိပ်စက်နေသည်ကိုမြင်လျက် မမြင်ချင်ယောင်ဆောင်လာကြတော့သည်။ ကြားလျက် မကြားဟန်ဆောင်သည်။ အမှန် အမှားသိလျက် မသိဟန်ဆောင်ကာ မိမိတို့ နိုင်ငံအကျိုးအတွက် မလုပ်သင့်တာကို စွတ် လုပ်နေကြပြီး နယ်ချဲ့အုပ်စုအကြိုက် လိုက်ပြီးထောက်ခံပေးနေရာမှ မိမိတို့နိုင်ငံ ကိုပါ နယ်ချဲ့အုပ်စုက ခြေဦးလှည့်ဒုက္ခပေး လာတော့မှ မုန်လာဥကိုသာမြင် အမြီးနန့်၊ လက်တစ်ဖက်မှ တုတ်ကိုမမြင်သော မိမိတို့ ညံ့ဖျင်းပုံကို ရှုမြင်နောင်တ၊ သံဝေဂရလေ့ ရှိကြသည်။
ဤကမ္ဘာတွင် နယ်ချဲ့ဆိုသည်က လက်ချိုးရေတွက်၍ရပေသည်။ နယ်ချဲ့တို့၏ ကျွန်ပြုဖိနှိပ်ဒဏ်၊ သယံဇာတဓနဥစ္စာ များကို နယ်ချဲ့တို့ လက်ကုန်နှိုက်ယူသွား သောဒဏ်ကို သေကောင်ပေါင်းလဲခံကြရ သောနိုင်ငံအရေအတွက်၊ ယင်းကျွန်နိုင်ငံများ မှ ကျွန်သပေါက်ဘဝရောက်ကြကုန်သော ပြည်သူလူသားတို့၏ အရေအတွက်ကား ဂဏန်းပေါင်းစက်ငယ်ငယ်ဆိုလျှင် တိကျ သောအရေအတွက်ကိုပေးနိုင်စွမ်းမရှိပေ။ နယ်ချဲ့ဆိုသည်မှာ သူတို့နိုင်ငံ၊ သူတို့နိုင်ငံ မှ အရင်းရှင်များ ချမ်းသာကြွယ်ဝရန် လို အပ်နေသောရေနံ၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ကဲ့သို့ စွမ်းအင်လောင်စာ၊ သံ၊ သံမဏိ၊ ကြေးနီ၊ ကြေးဝါ၊ ခဲ၊ ခဲမဖြူ၊ သွပ် စသည့်စသည့်မြောက်မြားစွာသော တွင်းထွက်သယံဇာတများ၊ ရွှေ၊ ငွေ၊ စိန်၊ ကျောက်၊ ပတ္တမြားများကို ဓားပြတိုက်သကဲ့ သို့ စစ်တိုက်လုယူရန် အချိန်ပြည့် ဆင်ကြံ၊ မြေခွေးကြံကြံနေကြသူများဖြစ်ပေသည်။ ထိုနယ်ချဲ့ဆိုသူများကို ကျွန်ဘဝရောက်ဖူး သူတိုင်း နဖူးတွေ့ ဒူးတွေ့အရှင်လတ်လတ် မြင်ဖူးကြုံဖူးခံခဲ့ကြရဖူးပေပြီ။
နယ်ချဲ့တို့ကား ၄င်းတို့၏စက်ရုံများ အတွက် လိုအပ်သည့်လောင်စာစွမ်းအင်၊ စက်မှုကုန်ကြမ်းများသာမက ရွှေ၊ ငွေ၊ စိန်၊ ကျောက်၊ ပတ္တမြားစသည်တို့ကိုပါ မျက်နှာ ကြီးသူခိုးအထက်စီးလေသံဖြင့် အင်အား သုံး၊ လက်နက်အသစ်အဆန်းများကိုင်ကာ နယ်ချဲ့ကြခြင်းဖြစ်သည်။ ကောက်ကျစ် ယုတ်မာပြီးရိုင်းစိုင်းကြသော၊ ကြမ်းတမ်း သောလုပ်ရပ်များဖြင့် ကျွန်တော်တို့မြန်မာ အပါအဝင် ကမ္ဘာ့မြေပြင်ရှိ လူသား ၇၇ ရာခိုင်နှုန်းကို ကျွန်ပြုခဲ့ကြပြီး ယနေ့တိုင် လည်း နယ်ချဲ့ပုံစံသစ်ဖြင့် ဒီမိုကရေစီလူ့ အခွင့်အရေး လူသားချင်းစာနာထောက်ထား မှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးစသည်တို့ ကို ယုန်ရုပ်ရေးပြ အယုံသွင်းသောင်းကျန်း နေကြသည်ကို ကမ္ဘာ့သတင်း မပြတ်ကြည့် ရှုလေ့လာသူတိုင်း သိနေကြပေသည်။ နယ် ချဲ့တို့သည် သူတစ်ပါးနိုင်ငံ၏အချုပ်အခြာ အာဏာ၊ (လွတ်လပ်ခွင့်၊ ဒီမိုကရေစီပိုင်ခွင့်၊ တကယ့်လူ့အခွင့်အရေးတို့ကို) ချိုးဖောက် ဖျက်ဆီးကာ နယ်ချဲ့ကျွန်ပြု၊ ကုပ်သွေးစုပ်၊ ဓားပြတိုက်ယူ၍ရရှိသော ဓနဥစ္စာ၊ ငွေကြေး တို့ကိုပြန်လည်ရင်းနှီးကာ အစွမ်းထက်သည် ထက်အစွမ်းထက်သော စစ်လက်နက်များ ထုတ်လုပ်စုဆောင်းရင်း ခါးပိုက်နှိုက်အဆင့် မှ သူခိုးအဆင့်၊ ထိုမှတစ်ဆင့် ဖောက်ထွင်း ခိုးယူသူ၊ နောက်တစ်ဆင့် လုယက်သူ၊ နောက်ထပ် အနုကြမ်းစီးသူ၊ ဓားပြတိုက်သူ အဆင့်တို့ကို လှမ်းတက်ရင်း ချမ်းသာခဲ့ ကြသည်။ အမေရိကန်မှ ပြည်တွင်းရေး ထဲထဲဝင်ဝင်သိသူ ဂျော့ကန်နင်က သူ၏ နိုင်ငံခြားရေးဝါဒအကြံပြု အစီရင်ခံစာတစ် စောင်ကို ၁၉၄၈ ခုနှစ်က တင်သွင်းခဲ့ရာမှ ''အမေရိကန်လူဦးရေသည် ကမ္ဘာတစ်ခု လုံး လူဦးရေ၏ ၆ ဒသမ ၅ ရာခိုင်နှုန်းမျှ သာရှိသော်လည်း ကမ္ဘာကြီးတစ်ခုလုံးမှ နိုင်ငံအားလုံးတို့ ပိုင်ဆိုင်ချမ်းသာသမျှ ဓန အရာ၌ အမေရိကန်က ထိုပမာဏ ရာခိုင် နှုန်း ၅ဝ ပိုင်ဆိုင်လေပြီဟု ဆိုထားပေ သည်။ သို့တိုင် ၁၉၄၈ ခုနှစ်မှ ယခု ၂ဝ၁၈ ခုနှစ်တိုင် လောဘမသတ်နိုင်သေးဘဲ အရှေ့ အလယ်ပိုင်းဒေသ၌ ရေနံလုစစ်ပွဲ၊ အာ ဖရိက၌ ရေနံ၊ စိန်၊ သစ်၊ အစွမ်းထက် အသုံးဝင်ရှားပါးဓာတ်သတ္တုများ၊ အာရှမှ စိုက်ပျိုးသီးနှံ၊ ရွှေငွေကျောက်မျက်၊ ရေနံ သဘာဝဓာတ်ငွေ့လု ကျူးကျော်စစ်များ ဖန်တီးနေပေသည်။ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးသွေးခွဲပေးထားသော သောင်း ကျန်းမှု၊ ပုန်ကန်မှု၊ အချင်းချင်းတိုက်နေရ သည့် ပြည်တွင်းစစ်များ ဖန်တီးနေပေသည်။ သို့သော် ထိုအမေရိကန်နှင့် အင်္ဂလန်၊ ဥရောပနယ်ချဲ့များသည် 'ဒီမိုကရေစီ ချန်ပီယံနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများအပေါ် လိုသလိုစီရင်ချက်ချပြီး ဗိုလ်ကျနေသော ကျေးဇူးရှင်နိုင်ငံကြီးများ'ဟူသော ဘွဲ့ထူး ဂုဏ်ထူးဆိုင်းဘုတ်ကြီး စိုက်ထူထားပေ သည်။
ဆွစ်ဇာလန်နိုင်ငံမှ သုတေသီတစ်စု၏ သုတေသနပြုချက်အရ ရာစုနှစ်ပေါင်း၅ဝ (နှစ်ပေါင်း ၅ဝဝဝ)ခန့်အတွင်း ဤကမ္ဘာ၌ စစ်ပွဲမျိုးစုံ လေးသောင်းကျော်ဖြစ်ပွားခဲ့ရာ တစ်ဝက်(နှစ်သောင်းကျော်)မှာ ဥရောပမြေ ပြင်၌ ဖြစ်ပွားခဲ့သည်။ ပထမကမ္ဘာစစ် ကြီးနှင့် ဒုတိယကမ္ဘာစစ်ကြီးနှစ်ကြိမ်စလုံး ဥရောပမြေပြင်တွင် စတင်ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ခဲ့ကြသည်။ ပထမကမ္ဘာစစ်တွင် ကမ္ဘာ့လူသား ၁ဝသန်