images
UN
UN
တိုင်းရင်းဆေးရုံ(ရွှေဘို)မှဆေးရုံအုပ်နှင့်အဖွဲ့ ကျေးရွာများတွင်အခမဲ့ဆေးကုသမှုဆောင်ရွက်
ချင်းတွင်းသား Tuesday, 04 December 2018
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် လုံးတော်ကျေးရွာသူကျေးရွာ သားများအား တိုင်းရင်းဆေးရုံ(ရွှေဘို)မှ တိုင်းရင်းဆေးရုံအုပ်ဒေါ်မြမြခိုင်နှင့် ဒုတိယ တိုင်းရင်းဆေးမှူးဒေါ်ရီရီလွင်ဦးဆောင်သော အဖွဲ့သည် တိုင်းရင်းဆေးပညာဖြင့် ယနေ့ နံနက် ၉ နာရီက အခမဲ့ကွင်းဆင်းဆေးကုသ ပေးခြင်းများ ဆောင်ရွက်ကြသည်။
ယင်းသို့ ကွင်းဆင်းဆေးကုသပေးရာ တွင် လေငန်း၊ ဒူးနာ၊ ခါးနာ၊ အဆစ်အမြစ် ရောင်၊သွေးတိုး၊အစာမကြေနှင့်ဖျားနာရောဂါ ဝေဒနာရှင်လုံးတော်ကျေးရွာသူကျေးရွာသား ၁၂၃ ဦးတို့အား ကုသပေးခဲ့သည့်အနက် ရာသီနာဖြစ်သည့် အဆစ်ရောင်၊ ဒူးနာ၊ ခါး နာဝေဒနာများဖြစ်ပွားနေမှုကို အများအပြား တွေ့ရှိကုသပေးခဲ့ရကြောင်း တိုင်းရင်းဆေးရုံ အုပ် ဒေါ်မြမြခိုင်ထံမှ သိရသည်။
တိုင်းရင်းဆေးရုံ(ရွှေဘို)သည် အကျဉ်း ဦးစီးဌာန၊ ဘိုးဘွားရိပ်သာနှင့်အခြားကျေး ရွာများသို့လည်း သွားရောက်၍ ပုံမှန်အား ဖြင့် တစ်လလျှင်နှစ်ကြိမ်မှ သုံးကြိမ်အထိ အခမဲ့ကွင်းဆင်း ကုသပေးလျက်ရှိကြောင်း သိရသည်။