images
UN
UN
အက်ဖ်အေဖလားတတိယအဆင့်တွင် ဝုဗ်နှင့်လီဗာပူးတွေ့ဆုံ
Tuesday, 04 December 2018

အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်များအတွက် မဲခွဲမှုပြုလုပ် ခဲ့ရာတွင် လီဗာပူးသည် ဝုဗ်ကွင်း၌ သွားကစားရမည်ဖြစ်၍ အသင်း ကြီးများအတွင်း ပွဲအကျပ်ဆုံးဖြစ်နေသည်။ တတိယအဆင့်ပွဲစဉ်များ အတွင်း ပရီးမီးယားလိဂ်မှအသင်းအချင်းချင်း တွေ့ဆုံသည့်ပွဲစဉ် နှစ်ပွဲသာ ပါဝင်လာခဲ့ပြီး ဝုဗ်-လီဗာပူးပွဲစဉ်နှင့် ဘုန်းမောက်-ဘရိုက် တန် ပွဲစဉ်တို့ဖြစ်ကြသည်။ ကျန်အသင်းကြီးများမှာ အိမ်ကွင်းပွဲစဉ် များအဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မန်ယူက ရက်ဒင်း၊ ချဲလ်ဆီးက နော့တင်ဟမ်၊ မန်စီးတီးက ရိုသာဟမ်တို့ကို လက်ခံယှဉ်ပြိုင်ကြရ မည်ဖြစ်သည်။ Ref ;AP