images
UN
UN
ဆောင်းအလှရဲ့ သည်ပန်းချီ(ကဗျာ)
ဖိုးရန်နိုင်(ကျောက်ကြီး) Tuesday, 04 December 2018

* ခါဝသန် ကုန်လောက်သမို့
နှင်းပွင့်တို့ ဝေဝေဆာ၊
ကျလာသည် နေခြည်အဖျန်းမှာ
လန်းဆန်းသည့် ပန်းမာလာ။
* အေးမြမြ ဒီရာသီမှာ
လမ်းလျှောက်ကာ သူငါအများ၊
ပေါင်းစုကာ အင်အားထုနဲ့
စုပေါင်းအားကစား။
* ငွေနှင်းမှုန် သုန်သုန်ကျ
သည်ကာလ ဆောင်းရာသီမှာ၊
အအေးပိုကာ မလုံကွေးပါလို့
ဖော်မစုံသူတို့ ဆွေးရခါခါ။
* စပါးရွှေဝါ လယ်ယာအနှံ့မှာလ
ပျံ့ပျံ့ပျူး သင်းရနံ့ကဖြာ၊
လေအလာမှာ ဟိုဒီယိမ်းကာကွဲ့
တနွဲ့နွဲ့နဲ့ လှပစွာ။
* ခန်းဆောင်ရွှေ ရဝေအတွင်းက
မေခပင်းတို့ ဖော်မဲ့ကာ
ပိုလို့သာ ချမ်းရှာရော့မယ်လေး၊
ဖော်မစုံတဲ့ သည်အရေးကို
အတွေးနဲ့သာ ထပ်ထပ်ခါဆွေး။