images
UN
UN
ဆေးတက္ကသိုလ်(မန္တလေး)နှင့် ဂျပန်နိုင်ငံSaitama Medical University ဆေးပညာသင်ကြားရေးနှင့် ဆေးပညာဖလှယ်ရေးနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး
မောင်ပြည်သူ(မန္တလေး) Wednesday, 05 December 2018
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်း အားအရင်းအမြစ်ဦးစီးဌာနဆေး တက္ကသိုလ်(မန္တလေး)နှင့်ဂျပန်နိုင်ငံ Saitama Medical University &Hannouseiwa Hospital တို့ ဆေးပညာသင်ကြားရေးနှင့် ဆေး ပညာဖလှယ် ရေးနားလည်မှုစာချွန် လွှာလက်မှတ်ရေးထိုးပွဲကို ယမန် နေ့နံနက် ၉နာရီက ချမ်းအေးသာစံ မြို့နယ်လမ်း၃ဝရှိ ဆေးတက္ကသိုလ် (မန္တလေး)ပါမောက္ခချုပ်ရုံးအစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဆေး တက္ကသိုလ်(မန္တလေး)ပါမောက္ခ ချုပ်ပါမောက္ခဒေါက်တာခင်မောင် လွင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဂျပန်နိုင်ငံSaitama Medical University မှProf. Koyama Isamu က ဆေးပညာ သင်ကြားရေးနှင့်ဆေးပညာဖလှယ် ရေးဆိုင်ရာများကို ရှင်းလင်းပြော ကြားပြီးဆေးတက္ကသိုလ်(မန္တလေး) နှင့် ဂျပန်နိုင်ငံSaitama Medical University&Hannouseiwa Hospital ကြား ဆေးပညာသင် ကြားရေးနှင့်ဆေးပညာဖလှယ်ရေး ဆိုင်ရာနားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးကြပြီး အပြန် အလှန်လဲလှယ်ကာ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြသည်။
ဆက်လက်၍ နံနက်၁၁နာရီ တွင် ဆေးတက္ကသိုလ်(မန္တလေး) အောင်ပင်လယ်ခန်းမတွင်Japan- Myanmar Rehabilitation Medical Forunဆေးပညာနှီးနှော ဖလှယ်ပွဲကျင်းပရာဆေးတက္ကသိုလ် (မန္တလေး)ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာခင်မောင်လွင်က အဖွင့် အမှာစကားပြောကြားပြီးSaitama Medical University မှSprof. Koyama Isam က ဂျပန်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ကောင်း၊Hannouseiwa Hospital မှprof.Takahashi Hidetoshi က ကိုယ်အင်္ဂါပြန်လည်သန်စွမ်းမှု ဆေးကုသမှုကိုလည်းကောင်း ရှင်း လင်းပြောကြားပြီး တက်ရောက် လာသူများ၏မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ ဆွေးနွေးပွဲသို့ ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေးဆိုင်ရာ ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာ ရှင်များ တက်ရောက်ကြသည်။