images
UN
UN
ပြည်သူများ ငှက်ဖျားရောဂါကာကွယ်နိုင်ရန် တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေ
ကိုကိုနိုင် Wednesday, 05 December 2018
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာ ချီလိတ်ခရိုင် မိုင်းယုမြို့တွင် မြို့ ပေါ်နှင့်ကျေးရွာနေပြည်သူများ၊ ရွှေ့ပြောင်းလုပ်သားပြည်သူများ ငှက်ဖျားရောဂါကာကွယ်နိုင်ရန် ရည်ရွယ်လျက် တာရှည်ခံဆေးစိမ် ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေး ခြင်းကို ယမန်နေ့က မိုင်းယုမြို့ရှိ အုပ်စုကျေးရွာများနှင့်ရွှေ့ပြောင်းလုပ် သားများနေထိုင်ရာနေရာသို့ ဝမ် တာကြန့်ကျေးရွာအုပ်စု ကျေးလက် ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဖြူဖြူဝင်းနှင့် ကျန်းမာရေး ဝန်ထမ်းများက မြို့မရပ်ကွက် အုပ်စု၊ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်းဒွန်းနွဲ့ကျေးရွာအုပ်စု၊ မိုင်းလွေ ကျေးရွာများနှင့်ရွှေ့ပြောင်းလုပ်သား အိမ်ထောင်စုများနေထိုင်ရာအရပ်သို့ သွားရောက်ကာဆေးစိမ်ခြင်ထောင် များ အသုံးပြုနည်းနှင့် ငှက်ဖျား အန္တရာယ်အကြောင်းတို့ကို ရှင်း လင်းဟောပြောပြီး ဆေးစိမ်ခြင် ထောင် ၆ဝ၇လုံးကို အခမဲ့ဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။