images
UN
UN
ရေနံတင်ပို့ရောင်းချမှုကို အမေရိကန်က တားဆီးဟန့်တားလာပါက ပါရှားပင်လယ်ကွေ့အား ပိတ်ပစ်မည်ဟု အီရန်သမ္မတ သတိပေး
Wednesday, 05 December 2018
အီရန်သမ္မတရူဟာနီက အမေရိကန်ဘက် မှ အီရန်၏ ရေနံတင်ပို့ရောင်းချမှုများကို တားဆီးဟန့်တားလာပါက ပင်လယ်ကွေ့ ဒေသတွင် အဓိကကျသော ပါရှားပင်လယ် ကွေ့အား စစ်အင်အားသုံးကာ ပိတ်ပစ်မည်ဟု သတိပေးခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
အမေရိကန်သည် အီရန်အား ပိတ်ဆို့အရေး ယူမှုများ ချမှတ်ပြီးနောက် အီရန်၏ အဓိက ဝင်ငွေရလမ်းဖြစ်သော ရေနံတင်ပို့ရောင်းချ မှုများကိုပါ ဟန့်တားနိုင်ရန် ကြိုးပမ်းလျက်ရှိ သည်။ အမေရိကန်သည် ရေနံထုတ်လုပ်တင်ပို့ ရောင်းချသည့်နိုင်ငံများအား ရေနံထုတ်လုပ် မှု တိုးမြှင့်ရန်တွန်းအားပေးခြင်း၊ အီရန်ထံမှ ရေနံဝယ်ယူနေသောနိုင်ငံများအား အကျပ်ကိုင် ခြင်း စသည့်နည်းလမ်းများအသုံးပြုကာ အီရန် အား ဖိအားပေးလျက်ရှိသည်။ ရူဟာနီက ''အမေရိကန်တွေကို သိစေချင်တဲ့အချက်တစ်ခု က အီရန်အနေနဲ့ ရေနံတင်ပို့ရောင်းချမှုတွေ ဆက်လုပ်နေမှာဖြစ်သလို အီရန်ရဲ့ ရေနံတင်ပို့ ရောင်းချမှုတွေကို တားဆီးပိတ်ပင်တာမျိုးတွေ လုပ်လာခဲ့မယ်ဆိုရင် ပါရှားပင်လယ်ကွေ့ကို ဘယ်ရေနံတင်သင်္ဘောမှ ဖြတ်လို့မရအောင် ပိတ်ပစ်မယ်ဆိုတဲ့အချက်ဖြစ်ပါတယ်''ဟု ပြောသည်။ ပါရှားပင်လယ်ကွေ့အား ပိတ်ပစ် ခဲ့မည်ဆိုပါက အရှေ့အလယ်ပိုင်းနိုင်ငံများမှ ထွက်ရှိသောရေနံများကို သယ်ဆောင်ရန် အကျပ်အတည်းတွေ့မည်ဖြစ်သည်။
NG(Ref; Reuters)