images
UN
UN
ဆော်ဒီသတင်းထောက်ဂျမဲခါရှိုဂျီသေဆုံးမှုတွင် ဆော်ဒီအိမ်ရှေ့မင်းသားပါဝင်ပတ်သက်မှုရှိသည်ဟု ကန်ဥပဒေပြုအထက်လွှတ်တော်အမတ်များပြောကြား
KK(IR) Wednesday, 05 December 2018
ဆော်ဒီသတင်းထောက် ဂျမဲခါရှိုဂျီသေဆုံးမှုတွင် ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက်ဘင် ဆဲလ်မန်ပါဝင်ပတ်သက်မှုရှိသည့် အထောက်အထားရှိသည်ဟု ညွှန်ကြားရေးမှူး ဂျီနဟစပယ်က ပြောကြားခဲ့ကြောင်းသိရသည်။
အိမ်ရှေ့မင်းသားကို တရားရုံးတွင် စစ်ဆေးလျှင် ခုံသမာဓိအဖွဲ့ အနေဖြင့် မိနစ် ၃ဝ အတွင်း ၄င်းတွင်အပြစ်ရှိကြောင်း သိရှိနိုင် သည်ဟု အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဘော့ကော်ကာက ပြောကြားခဲ့ကြောင်း သိရသည်။
ဂျမဲခါရှိုဂျီသေဆုံးမှုတွင် အိမ်ရှေ့မင်းသားပါဝင်ပတ်သက်မှုမရှိ ဆိုသည်မှာ လုံးဝမဟုတ်ကြောင်းCIA အကြီးအကဲ မစ်ဟက်စ်ပဲက ပြောကြားခဲ့သည်။ သို့ရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အနေဖြင့် သေဆုံးမှုအတွက် အပြစ်တင်သူများ၊ ခင်မင်ရင်းနှီးခဲ့ သည်မှာ ကြာမြင့်ပြီဖြစ်သော အရှေ့အလယ်ပိုင်းမဟာမိတ်ကို အပြစ်ပေးရန် နည်းလမ်းရှာနေကြသည့် အထက်လွှတ်တော်အမတ် များအပေါ် ရေရေရာရာမှတ်ချက်ပြု ပြောကြားခြင်းမရှိပေ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုနှင့် ကာကွယ်ရေး ဝန်ကြီး ဂျင်မက်တစ်စ်တို့သည် အိမ်ရှေ့မင်းသားကိုအပြစ်တင်ရန် ထရန့်၏နှောင့်နှေးမှုအပေါ် အားမလိုအားမရဖြင့် ပြောကြားမှုများ လည်းရှိကြောင်း သိရသည်။ ဂျမဲခါရှိုဂျီသည် လွန်ခဲ့သည့်နှစ်လက အသတ်ခံခဲ့ရခြင်းဖြစ်ပြီး ၄င်းသည် အမေရိကန်တွင်နေထိုင်သည့် သတင်းထောက်တစ်ဦးဖြစ်သည်။ ၄င်းသည် ဝါရှင်တန်ပိုစ့်တွင် ဆော်ဒီအစိုးရကို ဝေဖန်ရေးသားသူတစ်ဦးဖြစ်သည်။
Ref: Association Press