images
UN
UN
အမေရိကန်(ANTM) တီဗီဇာတ်လမ်းတွဲ မော်ဒယ်ပြိုင်ပွဲဝင် ဂျေအယ်စတောက်စ်ကွယ်လွန်
နောင်နောင် Wednesday, 05 December 2018
ယခင်အမေရိကန်(ANTM) တီဗီဇာတ်လမ်းတွဲ မော်ဒယ်ပြိုင်ပွဲ ဝင် ဂျေအယ်စတောက်စ်သည် ရင် သားကင်ဆာအဆင့် ၄ ရှိနေပြီဟု လွန်ခဲ့သောနှစ်လက ပြောကြားခဲ့ ပြီးနောက် ကွယ်လွန်ခဲ့သည်ဟု Fox News က အတည်ပြုပြော ကြားခဲ့သည်ဟုသိရသည်။ သေဆုံး ချိန်တွင် သူမသည် အသက် ၃၄ နှစ်ရှိနေပြီဖြစ်ပြီးသူမကိုလူတိုင်းက ချစ်ခင်ကြကာ သက်တမ်းစေ့နေစေ လိုကြောင်းသူမ၏အခင်ဆုံးသူငယ် ချင်း Fox Newsအားပြောကြား ခဲ့သည်။
သူမသည် ကင်ဆာရောဂါ သည်ရာပေါင်းများစွာကိုကူညီပေး ပြီး၎င်းတို့နှင့်ခင်မင်ရင်းနှီးကြောင်း၊ ၄င်းတို့၏လိုအပ်ချက်များကို သူမ ၏ချစ်ခြင်းမေတ္တာနှင့် ကရုဏာတို့ ဖြင့် နှစ်သိမ့်ဆွေးနွေးပေးခဲ့ရာ သူမ သည် အလွန်လေးစားဖွယ်ကောင်း သူတစ်ဦးဖြစ်ကြောင်းလည်း သိရ သည်။အယ်စတောက်စ်သည်ယမန် နေ့က နာတာရှည်ရောဂါကုသပေး သည့်ဆေးရုံတွင် သေဆုံးခဲ့သည်ဟုTMZသတင်းအရ သိရသည်။
အောက်တိုဘာလ ၂ ရက်တွင် ကျွန်မမှာ ရင်သားကင် ဆာအဆင့် ၄ ရှိနေပြီဆိုတာ သိပါတယ်။ကင်ဆာဆဲလ်တွေက ကျွန်မရဲ့ သွေးထဲမှာ အရမ်းကိုပြန့်နှံ့နေပြီ။ ဘဝအကြောင်း ဒါမှမဟုတ် သေ ဆုံးခြင်းအကြောင်းကို ကျွန်မ မသိ သေးတာတွေအများကြီးရှိပါတယ် ဟု သူမ မသေဆုံးမီသူမ၏ ဖေ့စ် ဘုတ်တွင် ရေးသားခဲ့ကြောင်း လည်း သိရသည်။
Ref: FoxNews