images
UN
UN
အစ္စလာမ်စစ်သွေးကြွအဖွဲ့ကို ထောက်ပံ့ပေးသည့် အမေရိကန်စစ်သားကို ထောင်ဒဏ် ၂၅ နှစ်ချမှတ်
KK(IR) Wednesday, 05 December 2018
အစ္စလာမ်စစ်သွေးကြွအဖွဲ့ကို ကူညီထောက်ပံ့မှုများပေးအပ်ရန် ကြိုးပမ်းမှုဖြင့် အသက် ၃၅ နှစ်ရှိ ဟာဝိုင်အီအခြေစိုက် အမေရိကန် စစ်သားကို ယခုလ ၄ ရက်တွင် ထောင်ဒဏ် ၂၅ နှစ် ပြစ်ဒဏ်ချ မှတ်ခဲ့သည်ဟုသိရသည်။ အိခိုင်ခ အရစ်ခမ်သည် ထောင်ဒဏ်ကျခံပြီး နောက် လျှောက်လဲချက်၏ တစ် စိတ်တစ်ဒေသအဖြစ် နှစ်ပေါင်း ၂ဝ နီးပါးစောင့်ကြည့်ခံရနိုင်ဖွယ်ရှိ ကြောင်း သိရသည်။
ခမ်ကအမေရိကန်စစ်တပ်၏ အဖွဲ့ဝင်အနေဖြင့် အမေရိကန်ပြည် ထောင်စုကိုကာကွယ်ရန် ကတိ သစ္စာဆိုခဲ့သော်လည်း အစ္စလာမ် စစ်သွေးကြွအဖွဲ့ကို ပစ္စည်းထောက် ပံ့မှုများ ပြုလုပ်ရန်ကြိုးပမ်းသည့် အတွက် တိုင်းပြည်ကိုသစ္စာဖောက် ခြင်းဖြစ်ကြောင်း ဒုတိယရှေ့နေချုပ် ဂျွန်ဒဲမားစ်က ထုတ်ပြန်ချက်တစ် စောင်တွင်ပြောကြားခဲ့သည်။
အမေရိကန်စစ်တပ်တွင် တပ် ကြပ်ကြီးဖြစ်သည့် ခမ်သည်၂ဝ၁၆ ခုနှစ်အစောပိုင်းတွင် အစ္စလာမ် စစ်သွေးကြွအဖွဲ့ကို စာနာထောက် ထားမိကာ အကြမ်းဖက်အဖွဲ့မှ အွန် လိုင်းတွင်ဖော်ပြသည့် ဝါဒဖြန့်ဝေ သည့်ဗီဒီယိုများကို ပုံမှန်ကြည့်ရှု ခဲ့ကြောင်း အာဏာပိုင်များပြော ကြားချက်အရ သိရသည်။
၂ဝ၁၇ ခုနှစ် ဇွန်လနှင့် ဇူလိုင် လတို့တွင် ၄င်းသည် အစ္စလာမ် စစ်သွေးကြွများနှင့် ချိတ်ဆက်မှု ရှိသည့် သူလျိုFBI အေးဂျင့်များ နှင့်တွေ့ဆုံခဲ့ပြီး ကန့်သတ်ထား သည့် အရေးကြီးသည့်လေကြောင်း မောင်းသူမဲ့လေယာဉ်နှင့် စစ်တပ် ဝတ်စုံများနှင့် စက်အစိတ်အပိုင်း များအစရှိသည့် စစ်လက်နက် ပစ္စည်းများကို ၄င်းတို့အားထောက် ပံ့ပေးခဲ့သည်ဟု သိရသည်။ ခမ် သည် ကြမ်းတမ်းသည့် မိသားစုမှ ကြီးပြင်းလာသူတစ်ဦးဖြစ်ပြီး ၄င်း၏ဖခင်သည် စိတ်ရောဂါ ခံစားနေရသူတစ်ဦးဖြစ်ကြောင်း လည်းသိရသည်။
Ref: AFP