images
UN
UN
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် ညနေပိုင်းသင်တန်းများ ပြန်လည်ဖွင့်လှစ်မည်
သူရကို Wednesday, 05 December 2018
ရန်ကုန်တိုင်းဒေသကြီး အင်း စိန်မြို့နယ်၌ရှိသော အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းတွင် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်မှစတင်ပြီး ညနေပိုင်းသင်တန်းများကို ပြန် လည်ဖွင့်လှစ် သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ကို ၁၈၉၅ ခုနှစ်က စတင်တည် ထောင်ခဲ့ခြင်းဖြစ်ပြီး၁၉၉၆-၁၉၉၇ ပညာသင်နှစ်တွင် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းပိတ်ခဲ့ ရကာ ၂ဝ၁၇-၂ဝ၁၈ ပညာသင် နှစ်မှ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
၂ဝ၁၇-၂ဝ၁၈ ပညာသင် နှစ်တွင်ညနေပိုင်းသင်တန်းများကို မဖွင့်လှစ်ခဲ့သော်လည်း ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်မှ ပြန်လည် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး လက်ရှိသင်တန်းသား လက်ခံနိုင် ရန်အတွက် စိစစ်နေကြောင်း သိရ သည်။
သင်တန်းသား သင်တန်းသူ လျှောက်ထားမှုတွင် တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ အောင်မြင်ပြီးသူ ၁၉၇၇ဦး၊ အစိုးရနည်းပညာ သင် တန်းကျောင်းမှ အောင်မြင်ပြီးသူ ၈၈၂ ဦး လျှောက်ထားကြောင်း သိရသည်။
ညနေပိုင်းသင်တန်းများတွင် မြို့ပြအင်ဂျင်နီယာ ဘာသာရပ် (Civil)၊ အီလက်ထရွန်နစ်အင် ဂျင်နီယာဘာသာရပ်(EC)၊ လျှပ် စစ်စွမ်းအားအင်ဂျင်နီယာဘာသာ ရပ်f(EP)၊ စက်မှုအင်ဂျင်နီယာဘာ သာရပ်(Mech) စသည့်ဘာသာရပ် လေးခုကို သင်ကြားပေးသွားမည် ဖြစ်ပြီး အောင်မြင်ပါကAGTI ဒီပလိုမာဘွဲ့ကို ပေးအပ်မည်ဖြစ် ကြောင်း အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်း(GTI)မှ ကျောင်းအုပ်ကြီး ဦးမြတ်ကိုက ပြောသည်။
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း မှ ကျောင်းအုပ်ကြီး ဦးမြတ်ကိုက ''အခုလို ညနေပိုင်းသင်တန်းတွေ ပြန်လည်ဖွင့်လှစ်ပေးတာကအလုပ် လုပ်ရင်းပညာသင်ကြားနိုင်စေရန်၊ နည်းပညာပိုင်းနဲ့ပတ်သက်ပြီး သင် ယူနိုင်တဲ့အခွင့်အလမ်းတွေ တိုး တက်လာစေရန်နဲ့ နည်းပညာသင် တန်းသားတွေ ပိုမိုမွေးထုတ်ပေး နိုင်စေရန် ရည်ရွယ်ပြီးဖွင့်လှစ်ပေးခဲ့ တာဖြစ်တယ်''ဟု ပြောကြားခဲ့ သည်။
အစိုးရစက်မှုလက်မှု သိပ္ပံ ကျောင်း ညနေပိုင်းသင်တန်းတွင် တက်ရောက်ခွင့်ရသော ကျောင်း သား ကျောင်းသူများအနေဖြင့် သင်တန်းကြေး တစ်နှစ်ကိုငွေကျပ် ၂၄ဝဝဝဝ ပေးသွင်းရမည်ဖြစ်ပြီး သင်တန်းကာလအနေဖြင့် သုံးနှစ် ကြာမြင့်မည်ဖြစ်ကြောင်း သိရ သည်။