images
UN
UN
ညောင်ဦးမြို့နယ် သဖန်းကုန်းကျေးရွာတွင် ဘုန်းတော်ကြီးကျောင်းမရှိသည့်အတွက် ဆောက်လုပ်လှူဒါန်းပေးမည့်အလှူရှင်အား ဒေသခံပြည်သူများမှ မျှော်လင့်လျက်ရှိ
ရဲဝင်းနိုင်(ညောင်ဦး) Wednesday, 05 December 2018
မန္တလေး တိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အောက်ညဥ့်ကျေးရွာအုပ်စု သဖန်း ကုန်းကျေးရွာတွင်ဒေသခံကျေး လက်နေပြည်သူများ ကုသိုလ်ပြု ဘာသာရေး အလှူအတန်းပွဲများ၊ ဘုရားပွဲတော်များနှင့် သာရေးနာ ရေးကိစ္စရပ်များ ပြုလုပ်ရာတွင် ကျောင်းထိုင်ဆရာတော်ရှိပြီးဘုန်း တော်ကြီးကျောင်းနှင့် သိမ်ဘုရား ကျောင်းဆောင်မရှိသည့်အတွက် အခက်အခဲများနှင့်ကြုံတွေ့နေရ၍ ကျေးရွာအတွက် လိုအပ်သည့် ဘုန်းတော်ကြီးကျောင်းဆောင်နှင့် သိမ်ဘုရားကျောင်းဆောင်တို့ကို ဆောက်လုပ်လှူဒါန်းပေးမည့် အလှူရှင်အား မျှော်လင့်နေကြ ကြောင်းအဆိုပါသဖန်းကုန်းကျေး ရွာမှ ကျောင်းထိုင်ဆရာတော် ဦးဝိဇယက မိန့်ကြားခဲ့ကြောင်း သိရသည်။