images
UN
UN
ရှက်တာဒိုးနက်နှင့် လိုင်ယွန်ပွဲစဉ်အတွက် ကွင်းရွှေ့ပြောင်း
Wednesday, 05 December 2018
ဥရောပဘောလုံးအဖွဲ့ချုပ်သည် လာမည့်တစ်ပတ်ကြားရက်တွင် ယှဉ်ပြိုင်ကစားရမည့် ရှက်တာဒိုးနက်နှင့်လိုင်ယွန်ပွဲစဉ်ကို ကိဗ်မြို့ ၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း အတည်ပြုချက်ထုတ်ပြန်လိုက် သည်။ ရှက်တာဒိုးနက်နှင့်လိုင်ယွန် နှစ်သင်းစလုံးသည် ချန်ပီယံ လိဂ်နောက်တစ်ဆင့်သို့တက်ရောက်နိုင်ရန် အဆိုပါပွဲရလဒ်မှာ အရေး ပါနေသည်။ သို့သော် ရှက်တာဒိုးနက်အသင်းတည်ရှိရာ ခါကစ်မြို့ သည် ယူကရိန်း၏ ညမထွက်ရအမိန့်ထုတ်ပြန်ထားသောဧရိယာ အတွင်း ပါဝင်နေသည်။ ထို့ကြောင့် ကိဗ်မြို့ရှိ အိုလံပစ်ကွင်းတွင် အဆိုပါပွဲစဉ်ကို ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဂျက်ဘ်လိုနက်၏ ယူရိုပါလိဂ် ပွဲလည်း ယင်းကွင်း၌ပင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ Ref ;AP