images
UN
UN
ဝက်ဖို့ဒ်ကိုနိုင်ခဲ့သော်လည်း ကစားသမားများကို ဂွါဒီယိုလာကြိမ်းမောင်းခဲ့ ဖေဘီယန်ဒက်ဖ်မှာ မန်စီးတီးလူစာရင်း၌မပါဝင်သင့်သူဟု ပရိသတ်များဝေဖန်
Wednesday, 05 December 2018
မန်စီးတီးနည်းပြဂွါဒီယိုလာက ဝက်ဖို့ဒ်ကို အနိုင်ရခဲ့သော်လည်း ပွဲချိန်နှောင်းပိုင်းတွင် ရုန်းကန်ခဲ့ရ သည့်အခြေအနေအတွက် ကစား သမားများကို ကြိမ်းမောင်းခဲ့သည်။ မန်စီးတီးသည် အဆိုပါနိုင်ပွဲ ကြောင့် ပရီးမီးယားလိဂ် ၁၅ ပွဲ ဆက်တိုက် ရှုံးပွဲမရှိသောအခြေ အနေကို ပိုင်ဆိုင်ခဲ့သည်။ ဂွါဒီယို လာသည် ဘုန်းမောက်ကို စနေ နေ့က အနိုင်ရခဲ့သည့်ပွဲစဉ်မှကစား သမားစာရင်းအား ခြောက်ဦးအထိ အပြောင်းအလဲလုပ်ခဲ့သော်လည်း လီရွိုင်းဆာနီနှင့် မာရက်ဇ်တို့၏ သွင်းဂိုးများဖြင့် ဦးဆောင်ကစား နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင်မူ မန်စီးတီး ကစားသမားများ၏ စွမ်းဆောင် ရည်မှာလိုအပ်သည့်ပမာဏအောက် တွင် ရောက်နေခဲ့သည်ဟု ဂွါဒီယို လာက ယုံကြည်နေခြင်းဖြစ်သည်။ ''ကစားသမားတွေကို ဝက်ဖို့ဒ်နဲ့ ပွဲစဉ်က နောက်ဆုံး ၂၅ မိနစ် လောက်မှာ ဘာဖြစ်ခဲ့တယ်ဆိုတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဆွေး နွေးခဲ့ပါတယ်။ နောက်ဆုံးစက္ကန့် အထိ ကြိုးစားနေရမယ့်အချက်က အခြေခံအချက်ပါပဲ။ ဒီအခြေအနေ ကို ကျွန်တော်တို့ လေ့လာသင်ယူ မှုလုပ်ဖို့လိုပါတယ်''ဟု ဂွါဒီယို လာက ပြောခဲ့သည်။
အဆိုပါပွဲအပြီးတွင် ခြေစွမ်း မပြနိုင်ခဲ့သည့်ကစားသမားများကို မန်စီးတီးပရိသတ်များက တွစ်တာ မှတစ်ဆင့် ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ မန်စီးတီးကစား သမားအများစုကို ဝေဖန်ခဲ့ကြသော် လည်း ကွင်းလယ်လူ ဖေဘီယန် ဒက်ဖ်၏စွမ်းဆောင်ရည်ကို ဝေဖန် မှုပိုများခဲ့သည်။ ၄င်းသည် မန်စီး တီး၏ပွဲထွက်စာရင်း၌ ပါဝင်ရန် အဆင့်မမီသူဟုပင် ရေးသားဝေဖန် ခဲ့ကြသည်။ Ref ;Dailymail