images
UN
UN
အစိုးရကိုဆန္ဒပြမှုများကြောင့် ပြင်သစ်လီဂူးပွဲစဉ်အချို့ ရွှေ့ဆိုင်း
Wednesday, 05 December 2018
ပြင်သစ်လီဂူး ပြိုင်ပွဲကျင်းပ ရေးကော်မတီသည် လုံခြုံရေး ဆိုင်ရာ စိုးရိမ်ရသည့်အခြေအနေ များကြောင့် ပြင်သစ်လီဂူးပွဲစဉ် အချို့ကို ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက် သည်။ ပြင်သစ်တွင် အစိုးရအား ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲ များပြုလုပ်နေကြသည်။ အဓိက မြို့ကြီးများတွင် လူအများက မီးရှို့ ဖျက်ဆီးမှုများအပါအဝင် လုံခြုံရေး ထိခိုက်နိုင်သည့်အပြုအမူများကို ပြုလုပ်နေကြသည်။
ထို့ကြောင့် ပြင်သစ်ရဲအဖွဲ့က ပရိသတ်စုရုံးမှု ပိုများနိုင်သည့် ဘောလုံးပွဲများကြောင့် ပိုမိုရှုပ်ထွေး လာနိုင်သည့်အခြေအနေများရှိနေ ၍ ပြင်သစ်လီဂူးထံသို့ ပွဲရွှေ့ပေး ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အစောပိုင်းတွင် ပါရီမြို့၌ ယှဉ်ပြိုင် ကစားမည့် ပီအက်စ်ဂျီနှင့် မောင့် ပယ်လီယာတို့၏ ပွဲစဉ်တစ်ပွဲကို သာ ဖျက်သိမ်းကြောင်း ကြေညာ ချက်ထုတ်ပြန်ခဲ့သော်လည်း နောက် ပိုင်းတွင် တူးလော့စ်နှင့်လိုင်ယွန် တို့ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်ကို လည်း ရွှေ့ဆိုင်းကြောင်း ကြေညာ ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လောင်စာဆီနှင့်ပတ်သက်သော အခွန်ငွေများတိုးမြှင့်လိုက်ခြင်းမှ စတင်ကာ ပြင်သစ်၌ အစိုးရကို ဆန့်ကျင်ကန့်ကွက်မှုများ ဖြစ်ပေါ် လာခဲ့ခြင်းဖြစ်ပြီး ပွဲစဉ်အချို့ ထပ်မံ ရွှေ့ဆိုင်းဦးမည့်အခြေအနေတွင် လည်း ရှိနေသည်။Ref ;Reuters