images
UN
UN
ကိုဗာဆစ်ကို အပြီးသတ်စာချုပ်ဖြင့် ရီးရဲလ်ရောင်းချလို
Wednesday, 05 December 2018
ရီးရဲလ်မက်ဒရစ်သည် ချဲလ်ဆီးသို့အငှားချထားသည့် ကိုဗာ ဆစ်အား အပြီးသတ်စာချုပ်ဖြင့်ရောင်းချရန် ဆုံးဖြတ်ပြီးဖြစ်ကြောင်း သိရသည်။ ကိုဗာဆစ်သည် ပြီးခဲ့သောနွေရာသီအပြောင်းအရွှေ့ ကာလတွင် အသင်းမှထွက်ခွာခွင့်ရရန် ဖိအားပေးတောင်းဆိုခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ၄င်း၏သဘောထားကို ရီးရဲလ်မက်ဒရစ် က သဘောမကျဖြစ်ခဲ့ပြီး အပြီးသတ်ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်း ဟုလည်း သိရသည်။ ချဲလ်ဆီး၏အငှားစာချုပ်အတွင်း ခြေစွမ်းပြ နိုင်မှုအပေါ်မူတည်၍ ရာသီကုန်တွင် အပြီးသတ်စာချုပ်ခွင့်ကို ထည့်သွင်းချုပ်ဆိုထားသည်။ Ref ;Footballespana