images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ စစ်ကိုင်းတိုင်းဒေသကြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
သုတ Wednesday, 05 December 2018
စစ်ကိုင်းတိုင်းဒေသကြီး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီခွဲမှ မွန်းလွဲ ၁ နာရီအထိ တိုင်းဒေသကြီး ပါတီရုံးအစည်းအဝေးခန်းမတွင်ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးလှသိန်းနှင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းတို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင်စစ်ကိုင်းတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက မိတ် ဆက်စကားပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦးက ပါတီလုပ်ငန်း ဆိုင်ရာများကို ဆွေးနွေးခဲ့သည်။
ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ကပါတီလုပ်ငန်းဆိုင်ရာများ တင်ပြ လာမှုအပေါ် ဆွေးနွေးပြောကြား ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ် အမှုဆောင် ဦးလှသိန်းကလည်း ပါတီလုပ်ငန်းဆိုင်ရာများကို ဆက် လက်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသူများက မိမိတို့ နယ်မြေအလိုက် ပါတီလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေ များကို အကြံပြုဆွေးနွေးပြီးနောက် ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက နိဂုံးချုပ်စကား ပြောကြား၍ အစည်းအဝေးကိုရုပ် သိမ်းခဲ့သည်။
အစည်းအဝေးသို့ ပါတီဗဟို အတွင်းရေးမှူးဦးပိုက်ထွေး၊ ပါတီ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြ သော ဦးလှသိန်းနှင့် တိုင်းဒေသ ကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့် သိန်း၊ တိုင်းဒေသကြီးပါတီအတွင်း ရေးမှူး ဦးအောင်ဇော်ဦး၊ တိုင်းဒေ သကြီး ပါတီကော်မတီဝင်များ၊ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်း ထွန်းဦး၊ ခရိုင်နှင့်မြို့နယ်များမှပါတီ ဥက္ကဋ္ဌများ၊ ပါတီအတွင်းရေးမှူး များနှင့် ပါတီကော်မတီဝင်များ စုစု ပေါင်းအင်အား ၁၂ဝ ခန့်တက် ရောက်ခဲ့သည်။