images
UN
UN
ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌတက်ရောက်
မမောင်(ချိကယ်သူ) Wednesday, 05 December 2018
လွိုင်ကော်မြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီမှကြီး မှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားအား လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၈ နာရီခွဲကကျင်းပခဲ့သည်။
အခမ်းအနားကို နိုင်ငံတော် အလံအား အလေးပြုကာ နိုင်ငံတော် သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ပြည် ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းက အဖွင့်အမှာ စကားပြောကြားရာတွင် လွိုင်ကော် မြို့နယ်ပြည်ခိုင်ဖြိုးပါတီနိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်း မှာ ပါတီကြီးအနေဖြင့် ရေရှည် အကျိုးကိုမျှော်ပြီး အရည်အချင်း ပြည့်ဝသော မျိုးဆက်သစ် လူငယ် များအား စဉ်ဆက်မပြတ်မွေးထုတ် နေခြင်းဖြစ်ပါသည်။ သင်တန်းသူ၊ သင်တန်းသားများ၏ ပါတီရည် ရွယ်ချက်၊ ရည်မှန်းချက်များကို သင်တန်းမှ ပို့ချသည့်သင်ခန်းစာ များဖြင့် လက်တွေ့နယ်ပယ်မှာ ပြန်လည်အသုံးပြုနိုင်ရေးအတွက် လေ့လာသင်ယူကြဖို့နှင့်ကျွန်တော် တို့ မြန်မာနိုင်ငံတော်ဟာစစ်မှန် သော ဒီမိုကရေစီလမ်းကြောင်းစနစ် ကို ချီတက်လာသည်မှာ ရှစ်နှစ် တာ ကာလအတွင်းရောက်ရှိလာ ပြီဖြစ်တယ်။ ဒီကာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများနှင့်စစ်မှန်သော ငြိမ်းချမ်း ရေးရယူရန်အတွက် ပြည်ထောင်စု အဆင့် NCA အဆင့်လက်မှတ်ရေး ထိုးခြင်းများ ဆောင်ရွက်နိုင်ခဲ့တာ မိမိတို့ပါတီအပေါ်ယုံကြည်မှုပိုမိုလာ သည်ကိုတွေ့မြင်ရမှာဖြစ်ကြောင်း၊ ပါတီဝင် လူငယ်မောင်မယ်များ အနေဖြင့် ပကတိလက်ရှိ အခြေ အနေများကို ရှောင်လွှဲငြင်းပယ်၍ မရဘဲ တိုင်းပြည်အတွက်ကျရောက် လာနိုင်တဲ့ မည်သည့်အတားအဆီး အနှောင့်အယှက်မဆို ကျရာအခန်း ကဏ္ဍကနေ ဝိုင်းဝန်းတားဆီးဖြေ ရှင်းရမှာ ဖြစ်ကြောင်း၊ ကျွန်တော် တို့ ပါတီရဲ့သမိုင်းကြောင်းကို ပြန် ကြည့်ပြီး အတိတ်က သင်ခန်းစာ များကို 'အား' အဖြစ်မွေးပြီး ပါတီဥက္ကဋ္ဌကြီးရဲ့ မိန့်မှာချက် များကို မိမိတို့ရဲ့လုပ်ငန်းလမ်းညွှန် အဖြစ် ခံယူကျင့်သုံးကြဖို့ အထူး မှာကြားလိုကြောင်းနှင့်သင်တန်းသူ သင်တန်းသားများအနေဖြင့် သင် တန်းကို အစမှပြီးစီးသည်အထိ တက်ရောက်ကြပြီး ပါတီကမျှော် မှန်းထားသော အထွေထွေ ရွေး ကောက်ပွဲအောင်နိုင်ရေးကိုလည်း မျက်ခြည်မပြတ် မိမိတို့ ပတ်ဝန်း ကျင်ကို လေ့လာသင်ယူရင်း မိမိတို့ ဒေသရပ်ရွာ ဖွံ့ဖြိုးအောင် အကျိုး ပြုနိုင်သည့် ပါတီအဖွဲ့အစည်းကို မှန်ကန်စွာ ရွေးချယ်ဆုံးဖြတ်နိုင်ရန် ကြိုးစားပေးကြပါလို့ ပြောကြား သည်။
ဆက်လက်ပြီး လွိုင်ကော်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမောင်ရွှေက သင်တန်းဖွင့်လှစ်ရ ခြင်းနှင့်ပတ်သက်၍လမ်းညွှန်အမှာ စကားပြောကြားသည်။
ယနေ့ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်း အနားတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌဦးပိုးရယ်အောင်သိန်း၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဦးလူရယ်ဖိုးလူနှင့်ဦးကိုးရယ်၊ ပြည် နယ်ပါတီနာယက ဦးတောရယ်၊ ဦးခီးရယ်နှင့်ဒေါ်စုလေးဖြူ၊ ပြည် နယ်ပါတီ ယာယီအတွင်းရေးမှူး ဦးကျော်မြင့်၊ပြည်နယ်ကော်မတီဝင် လွိုင်ကော်မြို့နယ်တာဝန်ခံများဖြစ် ကြသောဦးတင်ဦးနှင့်ဦးကျော်သင်း၊ ပြည်နယ်ကော်မတီဝင် ဦးရဲဝင်း၊ လွိုင်ကော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးမျိုး မြင့်ဦးနှင့် ခရိုင်ကော်မတီဝင်များ၊ ဘောလခဲခရိုင်ကော်မတီဝင် ဦးလှ မောင်၊ လွိုင်ကော်မြို့နယ် ပြည်ခိုင် ဖြိုးပါတီ နာယက ဦးပီမောင်စိုး၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးမောင်ရွှေ၊ အတွင်းရေးမှူး ဦးကူးရယ်နှင့်မြို့နယ်ကော်မတီဝင် များ၊ သင်တန်းနည်းပြများ၊ သင် တန်းသူ/သားများ တက်ရောက်ခဲ့ ပြီး သင်တန်းကာလမှာ သုံးရက် ကြာဖွင့်လှစ်သွားမည်ဖြစ်သည်။